ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်မှ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်မှ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး



ပန်းတနော် ၊ စက်တင်ဘာ ၃


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်မှ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်သို့ ရောက်ရှိခဲ့ပြီး  မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မအူပင်ခရိုင် လဝကဉီးစီးမှူး ဒေါ်နွယ်နီစိုး၊ မြို့နယ်မြေပြင် လူဦးရေစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့များအားတွေ့ဆုံ၍ မြို့နယ်အတွင်း မြေပြင် လူဉီးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှုအခြေအနေ၊ မြို့နယ်အတွင်း အိမ်ရှိ လူမရှိမှုအခြေအ‌နေ၊ (၂၈-၁၂-၂၀၂၅) ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့်မည့်သူများစာရင်းတွင် ပါရှိစေရေးနှင့် မြို့နယ်အတွင်းမှ  ခရီးလွန်နေသူများအား မှတ်ချက်တွင် သွားရောက်သည့်ဒေသများကို စနစ်တကျဖြင့် ‌ရေးသွင်းဖော်ပြပေးရန် စသည့်အချက်များအား ယနေ့နက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဆွေးနွေးခဲ့သည်။

ထို့နောက် ရပ်ကွက်ကျေးရွာ မြေပြင်လူဦးရေကောက်ယူရေး အဖွဲ့များမှ ရပ်ကွက်အတွင်း တစ်အိမ်ဆင်း တစ်အိမ်တက် လူဦးရေစာရင်းများ တိုက်ဆိုင်နေမှုအခြေအနေနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရပ်ကွက်များအတွင်းသို့ လှည့်လည်ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့ပြီး ရပ်ကွက်ကျေးရွာမြေပြင်လူဦးရေကောက်ယူရေးအဖွဲ့များအား မိမိတို့၏ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း၌ (၂၈-၁၂-၂၀၂၅) ရက်နေ့တွင် အသက်(၁၈) နှစ်ပြည့်ပြီးသူများ လူကျန်မှုမရှိစေရေးနှင့် သေဆုံးသူများမဲစာရင်းတွင် မပါရှိစေရေးနှင့် မဲစာရင်းများ မှန်ကန်စေရေးအတွက် တစ်အိမ်ဆင်း တစ်အိမ်တက် စနစ်တကျဖြင့် စစ်ဆေးဆောင်ရွက်သွားရန်နှင့်  သက်ဆိုင်ဌာနများမှ ပေါင်းစပ်ဆောင်သွားရန်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)