မြောက်ဥက္ကလာပ၊ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်အသက်(၇၀) နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး အသိပညာပေးခြင်း နှင့် သွေးတိုး နှင့် ဆီးချိုရောဂါရှိသူများအား ကျန်းမာ ရေး စောင့်ရှောက်မှု ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှုများပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းက ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် ရောက်ရှိလာကြ သော အသက် (၇၀) အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး ဗဟုသုတများအား အသိပညာပေး ဟောပြောပေးခြင်း ၊ ကျန်းမာရေး ၀န်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၇၀) အထက် သက်ကြီးဘိုးဘွားများအား အသက်ကြီး ပုဂ္ဂိုလ်စောင့်ရှောက်ရေးလုပ်ငန်းများ စမ်းသပ် စစ်ဆေးခြင်း၊ ဆီးချို ၊ သွေးချို ၊ သွေးတိုး ရောဂါစစ်ဆေးခြင်း ၊ သွားဆရာ၀န်မှ သွား နှင့် ခံတွင်း စစ်ဆေးခြင်း ၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံချက် ရွေ့လျား ဓါတ်မှန် ရိုက်ကူးရေး အဖွဲ့များ နှင့် ချိတ်ဆက်၍ ရင်ဘတ်ဓါတ်မှန်ရိုက်ကူးနိုင် ရေး ဆောင်ရွက် ပေးခြင်း ၊ စုဝေး၍ ကျန်းမာ ရေး အသိပညာပေးခြင်း ၊ ဆယ်မိနစ်စာ ခုံထိုင်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း ၊ သက်ကြီးကျန်း မာရေး စကားဝိုင်းများ အသိပညာဖလှယ် ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ မိခင်နှင့်က လေး စောင့်ရှောက် ရေး အသင်း ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ နှင့် တာ၀န်ရှိသူများက ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါ ကျန်းမာရေး စစ်ဆေး ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ဆီးချိုရောဂါ၊နှလုံးရောဂါများအတွက် NCD Clinic အား အပတ်စဉ် အင်္ဂါနေ့ နှင့် ဗုဒ္ဓဟူး နေ့များတွင် ဖွင့်လှစ်ဆေးကုသမှု ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost





No comments:
Post a Comment