(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ




ရန်ကုန်  ၊ စက်တင်ဘာ ၁၇


(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံမြားပစ်ကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးကျော်ဦးနှင့်ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးတောက်ထွန်း၊ ဒေါက်တာမြတ်သူရစိုး၊ ဦးကျော်ဌေး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်အမှုဆောင်များ တက်ရောက်ကြကြောင်း သိရသည်။


လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ အစမ်းလေ့ကျင့်ပစ်ခတ်ခြင်းနှင့် ဗိုလ်လုပြိုင်ပွဲများအား ယှဉ်ပြိုင်ပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက Recurve တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲတွင် ပထမဆုရရှိသော သီဟထက်ဇော်၊ ဒုတိယဆုရရှိသော ကောင်းခန့်မော်၊ တတိယဆုရရှိသော ပြည့်စုံနှင်းတို့အား လည်းကောင်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတောက်ထွန်းက Compound တစ်ဦးချင်းရှုံးထွက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ဇင်သူရိန်မှူးအားလည်းကောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ဒုတိယဆုရရှိသော အောင်ကိုဦး၊ တတိယဆုရရှိသော စုစုလှိုင်တို့အားလည်းကောင်း၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးဦးဝင်းထက်မွန်က Recurve Mixed Team ပြိုင်ပွဲ တွင် ပထမဆုရရှိသော သီဟထက်ဇော်+ ပြည့်စုံနှင်း၊ ဒုတိယဆုရရှိသော ကောင်းခန့်မော်+သီတာနွယ်တို့အားလည်းကောင်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးသူရစိုးက Compound Mixed Team ပြိုင်ပွဲတွင် ပထမဆုရရှိသော စုစုလှိုင်+အောင်ကိုဦးတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)