မိုင်းပျဉ်းမြို့၌ ဗိုလ်ချုပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပျဉ်းမြို့၌ ဗိုလ်ချုပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်




မိုင်းပျဉ်း  ၊ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် စည်ပင်သာယာရေးဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့မွန်းလွှဲပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မိုင်းပျဉ်းမြို့နယ် စည်ပင်သာရေးဌာနမှ ခွင့်ပြုရန်ပုံငွေ (၁၉.၉၀)သန်းဖြင့် ပိန်းဆန်းရပ်ကွက် ဗိုလ်ချုပ်လမ်း (၂၁၀ပေ× ၁၄ပေ× ၆ပေ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းလောင်မှိုင်း၊ စည်ပင်အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့ ယမန်နေ့မွန်းလွှဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


နန်းသန္တာဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)