ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုနှင့် ဘက်စုံပညာရည်ချွန်ဆုများ ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုနှင့် ဘက်စုံပညာရည်ချွန်ဆုများ ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

 


ဒဂုံမြောက်  ၊ စက်တင်ဘာ ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုနှင့် ဘက်စုံပညာရည်ချွန်ဆုများရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မေခခန်းမ၌ ကျင်းပသည်။

ဦးစွာ  ဆုပေးပွဲအခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်‌ ဒေါက်တာ‌ ရွှေပြည်စိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးငွေသူရက ပညာရည်ချွန်ဆုများပေးရခြင်း၏ ရည်ရွယ်ချက်ပြောကြားသည်။ ထို့နောက် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုနှင့် ဘက်စုံပညာရည်ချွန်ဆုများရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ထူးချွန်ဆုရရှိကြသူများနှင့် အောင်ချက်အကောင်းဆုံးရရှိသည့် အ.ထ.က(၁) ဒဂုံမြောက်ကျောင်းတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်‌ ဒေါက်တာ‌ ရွှေပြည်စိုး၊  ခရိုင်ပညာရေးမှူး ဦးငွေသူရ  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးရရှိသူ (၁)ဦး၊ ငါးဘာသာဂုဏ်ထူးရရှိသူ (၆)ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ (၇)ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ (၁၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ (၂၃)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူ (၅၃)ဦးရှိကြောင်း သိရသည်။ ထို့နောက် လမ်းပြကြယ်၊ ဘက်စုံပညာကိုရည်တို့လှမ်းချီ သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေသော အ.ထ.က(၁) ဒဂုံမြောက်နှင့် အ.ထ.က(၃) ဒဂုံမြောက်တို့မှ ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများချီးမြှင့်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဒဂုံမြို့သစ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်‌ဒေါက်တာ‌ ရွှေပြည်စိုး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှုးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


မြင့်မြင့်ရီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)