အီးယူဥက္ကဋ္ဌကို နာဇီရာဇဝတ်ကောင်လို့ ဘူလ်ဂေးရီးယားသားတွေက အော်ဟစ်ပြီး လမ်းပိတ်ဆို့ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီးယူဥက္ကဋ္ဌကို နာဇီရာဇဝတ်ကောင်လို့ ဘူလ်ဂေးရီးယားသားတွေက အော်ဟစ်ပြီး လမ်းပိတ်ဆို့ခဲ့


စက်တင်ဘာ - ၃ ( ဗုဒ္ဓဟူးနေ့ ) 

တနင်္ဂနွေနေ့က ဘူလ်ဂေးရီးယားရှိ လက်နက်စက်ရုံသို့ သွားရောက်လည်ပတ်တဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်ကို ဘူလ်ဂေးရီးယား တက်ကြွလှုပ်ရှားသူများက သူမရဲ့ကားကို ခေတ္တပိတ်ဆို့ခဲ့ပါတယ်။ 

လက်ယာယိမ်း ရဗိုင်ဗယ် အန် ဂရိတ်နက်စ် ပါတီအဖွဲ့ဝင်များက ဘူလ်ဂေးရီးယားရဲ့ အကြီးဆုံးလက်နက် ထုတ်လုပ်တဲ့ကုမ္ပဏီ (VMZ)ရဲ့ အပြင်ဘက်တွင် ဘူဂေးရီးယားနိုင်ငံအလံကို ဝှေ့ယမ်းကာ “နာဇီရာဇဝတ်ကောင်” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

“ဘာမှမအောင်မြင်ဘဲ ရပ်တည်နေတဲ့ ဘရပ်ဆဲလ်က အထက်တန်းလွှာတွေရဲ့ အချိန်က ကုန်လုနီးပါးပါပဲ” လို့ ဆန္ဒပြပါတီခေါင်းဆောင် က ကြေညာခဲ့ပြီး ဆန္ဒပြပွဲတွင် “ဘူလ်ဂေးရီးယားသည် ရောင်းရန်မဟုတ်” လို့ လည်း ထည့်သွင်းပြောကြားသွားပါတယ်။ 

"ဥရောပအဆင့်မှာ အကျင့်ပျက်ခြစားမှုနဲ့ အကျိုးစီးပွား ပဋိပက္ခတွေအတွက် စုံစမ်းစစ်ဆေးခံနေရတဲ့ ဗွန်ဒါလီယန် ကို ဘူလ်ဂေးရီးယားက လုံးဝကို မနှစ်သက်ပါဘူး။ သူမကို ကျနော်တို့နိုင်ငံမှာ မလိုလားပါဘူး” ဆိုပြီး အဲ့ဒိဆန္ဒပြခေါင်းဆောင်က သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 

ယူကရိန်းမှာ သုံးနေတဲ့ အီးယူက ထောက်ပံ့နေတဲ့ လက်နက် ၃ပုံ ၁ပုံက ဘူလ်ဂေရီးယားလက်နက်စက်ရုံ VMZ က ထုတ်တာပါ။ အခု ဂျာမနီက လက်နက်စက်ရုံကြီးတစ်ခုက အဲ့ဒိစက်ရုံကို ယမ်းမှုန့်တွေနဲ့ ၁၅၅ အမြောက်ကျည်တွေ ထုတ်ဖို့အတွက် ကန်ထရိုက်ပေးထားပါတယ်။ 

 

REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)