ပေါင်၊ စက်တင်ဘာ ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီကပေါင်မြို့နယ်(အထက) ဆင်ဖြူရပ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာလူငယ်စကားဝိုင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး(အထက)ဆင်ဖြူရပ်ကျောင်း မှ Grade-11 ကျောင်းသားမောင်တောက်ထွန်းက လူငယ်နှင့်စိန်ခေါ်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မကြယ်စင်လင်းလက်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ Grade - 11 ကျောင်းသား မောင်တွယ်တာဦးက လူငယ်နှင့်ခေတ်ရေစီးကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -8 ကျောင်းသူ မသိမ့်သိမ့်ဝင်းက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မသက်မှူးအိမ်ကလူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မမော်မော်စန်းက လူငယ်နှင့် ပလတ်စတစ်အန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ က လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ပြန်လည်ဖြေကြားပေးခဲ့ပြီး (အထက)ဆင်ဖြူရပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာလွင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ (အထက)ဆင်ဖြူရပ်ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား/ ကျောင်းသူ (၂၅၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment