ဘယ်လ်ဂျီယံကတော့ အစ္စရေးကို ပိတ်ဆို့မှု စလုပ်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘယ်လ်ဂျီယံကတော့ အစ္စရေးကို ပိတ်ဆို့မှု စလုပ်ပြီ


စက်တင်ဘာ - ၃ ( ဗုဒ္ဓဟူးနေ့ ) 

ဘယ်လ်ဂျီယံနိုင်ငံက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုပြီး ဂါဇာမှာလုပ်နေတဲ့ စစ်ပွဲတွေကြောင့် အစ္စရေး အပေါ် ပိတ်ဆို့မှုများ ချမှတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ 

ဥရောပသမဂ္ဂ ( EU ) နဲ့ မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ ( NATO ) အဖွဲ့ ၂ဖွဲ့ လုံးရဲ့ ဌာနချုပ်တွေ ရှိရာ အနောက် ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ ဘယ်လ်ဂျီယံ က ဟားမတ်စ်တွေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရန် နဲ့ အစ္စရေးစစ်တပ် ဝိုင်းရံထားတဲ့ ပါလက်စတိုင်းနယ်မြေအတွင်းသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုခွင့်ပြုရန်အတွက် အစ္စရေးနိုင်ငံအပေါ် ဖိအားပေးဖို့ မနေ့က အဲ့ဒိအစီအမံများကို ထုတ်ဖော်ခဲ့တာပါ။ 

ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီး က သူ့ရဲ့ အိတ်စ် ဆိုရှယ်မီဒီယာ အကောင့်မှာ “ဒါဟာ အစ္စရေးနိုင်ငံသားတွေကို ဒဏ်ခတ်တာ မဟုတ်ပါဘူး။ နိုင်ငံတကာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို လေးစားလိုက်နာပြီး အခြေအနေကို ပြောင်းလဲဖို့နဲ့ အာမခံချက်ပေးဖို့အတွက် ဘယ်လ်ဂျီယံ အစိုးရက တိုက်တွန်းနေတာပါ” လို့ ရေးတင်ခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)