ကျိုက်ထိုမြို့နယ်တွင် အသက်(၁၃)နှစ်အောက် အ‌ခြေခံပညာကျောင်းပေါင်းစုံဘောလုံး အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် အသက်(၁၃)နှစ်အောက် အ‌ခြေခံပညာကျောင်းပေါင်းစုံဘောလုံး အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 



ကျိုက်ထို  ၊ စက်တင်ဘာ ၃


မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အသက်(၁၃)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ်အောင်ဆန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အ.ထ.က-ကင်မွန်းချောင်းဘောလုံးအသင်းနှင့် အ.ထ.က-ကျိုက္ကသာဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က ကင်မွန်းချောင်းဘောလုံးအသင်းမှ အ.ထ.က ကျိုက္ကသာဘောလုံးအသင်းအား ၄ ဂိုး -၂ ဂိုးဖြင့် အနိုင်ရရှိပြီး ပထမဆုရရှိခဲ့သည်။


ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆု၊ ဒုတိယဆုနှင့် အကောင်းဆုံးအားကစားသမားဆုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)