KNU/ PDF အကြမ်းဖက်အဖွဲ့များက မထူးဇာတ်ခင်းပြီး ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

KNU/ PDF အကြမ်းဖက်အဖွဲ့များက မထူးဇာတ်ခင်းပြီး ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေပြီ





နေပြည်တော်၊ စက်တင်ဘာလ ၃

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဉပဒေ စိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများ ထိခိုက်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာ အဆောက်အဉီ များနှင့် လူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက် ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာ သွားလာလျက်ရှိသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များနှင့် အရပ်ယာဉ်များ ကိုလည်း နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်းများ၊ မိုင်းထောင် ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ KNU နှင့် PDF အမည်ခံ အကြမ်းဖက်သမား များသည် ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာလမ်းဆုံတွင် ရောက်ရှိနေသော ခရီးသည်တင်မော်တော်ယာဉ်တစ်စီးအား စက်တင်ဘာလ ၂ ရက်နေ့တွင် Drop Bomb ချ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ခရီးသည်အမျိုးသား ၉ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၁ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ KNU နှင့် PDF အမည်ခံ အကြမ်းဖက်သမား များသည် ၎င်းတို့အပေါ် အကြောက်တရား လွှမ်းမိုးစေရန်အတွက် ကျိုက်မရောမြို့နယ်၊ ကော့ပနော ကျေးရွာအား စက်တင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်တွင် Drone အသုံးပြု၍ Drop Bomb ချတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဗုံးသီးသည် ကျိုက်မရောမြို့မှ ကြာအင်းဆိပ်ကြီးသွား ကားလမ်းပေါ်ရှိ ကော်ပနောလမ်းဆုံသို့ ရောက်ရှိနေသော ယာဉ်မောင်း ဦးလှရွှေ ၅၂နှစ်၊ (ဘ) ကော်စမတ် မောင်းနှင်သည့် Super Custom အမျိုးအစား ယာဉ်အမှတ်၊ 9H /....... အဖြူရောင်ခရီးသည်တင် မော်တော်ယာဉ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ် တွင်လိုက်ပါလာသည့် ခရီးသည် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦး တို့တွင် ဗုံးစထိမှန် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများက ကျိုက်မရောမြို့ရှိပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ လိုအပ်သောဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)