ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေကျင်းမြို့ရှိ Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့သွားရောက်ကြည့်ရှုလေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေကျင်းမြို့ရှိ Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့သွားရောက်ကြည့်ရှုလေ့လာ






နေပြည်တော်၊ စက်တင်ဘာ ၃

တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာ သည့် ကော်မရှင်တွဲဖက်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဒေသစံတော်ချိန်ယနေ့ညနေ ၅ နာရီတွင် ပေကျင်းမြို့ရှိ Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့ရောက်ရှိကြရာ ကုမ္ပဏီဥက္ကဋ္ဌ နှင့် ကုမ္ပဏီဝန်ထမ်းများ က ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီရုံးခန်း၌ ခင်းကျင်းပြသ ထားသည့် TBEA ကုမ္ပဏီမှ ဆောက်လုပ်ထားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ကမ္ဘာတစ်ဝန်း စွမ်းအင်ထုတ်လုပ်ရေး၊ သတ္ထုထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်းပြသမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။

ထို့နောက် ကုမ္ပဏီအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ TBEA ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေများ၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံ များအား မြန်မာနိုင်ငံတွင် တည်ဆောက်ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်နှင့် ပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာ ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့်အခြေအနေများ၊ သတ္ထု တူးဖော်ရေးလုပ်ငန်းများတွင် အတူတကွပူးပေါင်းဆောင်ရွက်၍ ကုန်ချောများ ထုတ်လုပ်နိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတိုးတက်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်နိုင်မှု အခြေနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌက TBEA ကုမ္ပဏီ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး TBEA ကုမ္ပဏီဥက္ကဋ္ဌ နှင့် လက်ဆောင်ပစ္စည်း များအပြန်အလှန်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)