စက်တင်ဘာ - ၂ ( အင်္ဂါနေ့ )
ချက်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း အန်ဒရိ ဘာဘီ တစ်ယောက် မနေ့က မဲဆွယ်ပွဲမှာ လမ်းလျှောက်တုတ်ဖြင့် ခေါင်းကို အရိုက်ခံလိုက်ရလို့ ဆေးရုံတင်လိုက်ရပါတယ်။ လက်ယာယိမ်း ANO ပါတီခေါင်းဆောင် ဘာဘီက ချက်နိုင်ငံအရှေ့ပိုင်းရှိ ဒိုဘရာရွာတွင် အောက်တိုဘာလမှာ ကျင်းပမယ့် ပါလီမန်ရွေးကောက်ပွဲမတိုင်မီ ထောက်ခံသူများနှင့် တွေ့ဆုံနေစဉ် အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။
ANO ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ ဘာဘီရဲ့ခေါင်းကို လမ်းလျှောက်တုတ်ရဲ့ ထိပ်မှာရှိတဲ့ သတ္တုခဲနဲ့ ရိုက်မိသွား တယ်လို့ သိရပါတယ်။ ကျူးလွန်သူကို အခင်ဖြစ်ပွားရာ နေရာမှာ ရဲတွေက ဖမ်းမိထားပေမဲ့ ဘာသတင်းအချက်အလက်မှ မထုတ်ပြန်ပါဘူး။
Babis ကို ဆေးစစ်ရန်အတွက် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်သက်သာလာလို့ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပါတယ်။ သူ့ရဲ့ အိတ်စ်ဆိုရှယ်မီဒီယာအကောင့်မှာ “ခင်ဗျားတို့ရဲ့ အားပေးကူညီမှု အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်နေပြန်ကောင်းလာမှာပါ။ မနက်ဖြန် ဆေးစစ်ချက်ရလဒ်ရမှာပါ။ အခုအချိန်မှာတော့ အနားယူဖို့ ဆရာဝန်တွေက အကြံပြုထားပါတယ်"လို့ ရေးတင်ခဲ့ပါတယ်။ သူ့ရဲ့ အင်္ဂါနေ့ခရီးစဉ်တွေကို ဖျက်သိမ်းထားလိုက်ပါတယ်။
ANO လက်ထောက်ခေါင်းဆောင် အယ်လီနာ က “အာဏာရပါတီတွေက အဲ့လိုကိစ္စတွေကို ကြော်ငြာထုတ်ဖို့နဲ့ ဆိုရှယ်မီဒီယာတွေမှာ အမုန်းတရားများ ပျံ့နှံ့သွားဖို့အတွက် အခွင့်ကောင်းတွေရသွားတာပေါ့” လို့ အပြစ်တင် ပြောဆိုခဲ့ပါတယ်။
"ဒါဟာ အကြောက်တရားနဲ့ ကွဲပြားမှုကို အခြေခံတဲ့ သူတို့ရဲ့ စည်းရုံးလှုံ့ဆော်မှုရဲ့ တိုက်ရိုက်အကျိုးဆက်ပဲ" လို့ သူမရဲ့ အိတ်စ်အကောင့်မှာ ရေးတင်ခဲ့ပါတယ် ။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဘာဘီက ယူကရိန်းသို့ လက်နက်များ ပေးပို့ခြင်းကို ဆန့်ကျင်ခဲ့ပြီး မော်စကိုနှင့် ကိယက်ဗ်တို့ကြား ပဋိပက္ခကို သံခင်းတမန်ခင်းအားဖြင့် ဖြေရှင်းသင့်တယ်လို့ စေဒကတက်နေတဲ့သူပါ။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment