BKFC Lethwei အမည်ကိုသာ သုံးစွဲခွင့်ရမည်ဖြစ်ကြောင်း Nick Chapman က သတင်းစကား ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

BKFC Lethwei အမည်ကိုသာ သုံးစွဲခွင့်ရမည်ဖြစ်ကြောင်း Nick Chapman က သတင်းစကား ပြောကြား




ရန်ကုန်၊ စက်တင်ဘာ ၂

BKFC မှ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ထည့်သွင်းကျင်းပရန် သဘောတူညီချက်များ ရယူထားပြီး Nick Chapman က အလွန်အရေးကြီးသော သတင်းစကား အဖြစ် သူ၏ လူမှုကွန်ရက်စာမျက်နှာမှ ရေးသားဖော်ပြထားရာတွင် BKFC Lethwei အမည်နှင့်ပတ်သက်၍ ကျနော်တို့ထံ ရောက်ရှိလာသော တုံ့ပြန်မှုများကို ကျနော်တို့ အထူးတန်ဖိုးထားပါသည်။

လက်ဝှေ့အားကစား၏ မူလဇစ်မြစ်ဖြစ်သော မြန်မာ့ဂုဏ်ကို ဂုဏ်ပြုလိုပြီး ဤထူးခြားသည့် အတတ်ပညာကို ကမ္ဘာနှင့်ဝေမျှရန် ကျနော်တို့၏ ရည်မှန်းချက်ဖြစ်ကြောင်း နားလည်ပေးပါ။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ သမိုင်းနှင့် ရိုးရာဓလေ့များကို ကမ္ဘာ့စင်မြင့်ပေါ်တွင် အစဉ်အမြဲ ကျနော်တို့ မြှင့်တင်သွားမည်ဖြစ်ပါသည်။

လက်ဝှေ့အားကစားကို ကမ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအား ပိုမို၍ အသိအမှတ်ပြုခံရစေရန်ပင် ဖြစ်ပါသည်။

သို့ရာတွင် ကျယ်ကျယ်ပြန့်ပြန့် ဥပဒေရေးရာ သုံးသပ်ချက်များနှင့် ပညာရှင်အကြံပေးချက်များအရ ကျနော်တို့အနေဖြင့် ရှင်းရှင်းလင်းလင်း ပြောကြားရမည်မှာ - ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုနိုင်သော တစ်ခုတည်းသော အမည်မှာ BKFC Lethwei သာဖြစ်ပါသည်။ BKFC Myanmar Lethwei ဟူသော အမည်ကို အသုံးပြုရန် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်နိုင်ပါ။

ဤသည်မှာ ပုဂ္ဂိုလ်ရေး အမြင်တစ်ခုမဟုတ်ဘဲ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် အမှတ်တံဆိပ် အမည်ကို ပြောင်းလဲ၍ မရသလို ပြောင်းလဲမည်လည်း မဟုတ်ပါ။

မည်သူတစ်ဦးတစ်ယောက်ကိုမျှ စိတ်အနှောင့်အယှက်ဖြစ်စေလိုပါ။ သို့ရာတွင် “BKFC Myanmar Lethwei” ဟူသော အမည်ကိုသာ အသုံးပြုရမည်ဟု ဆက်လက်တောင်းဆိုပါက၊ ဝမ်းနည်းစွာဖြင့် ကျနော်တို့တွင် ရွေးချယ်စရာ မရှိတော့ပါ။ ဆိုလိုသည်မှာ ကျနော်တို့၏ စနစ်အောက်တွင် လက်ဝှေ့အားကစားအား ရင်းနှီးမြှုပ်နှံမှု၊ ကြော်ငြာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ လုံးဝမရှိတော့ဘဲ ရပ်ဆိုင်းသွားရမည်ဖြစ်ပါသည်။

ကျနော်တို့သည် ဤအကျိုးဆက်ကို လိုလားသည်မဟုတ်ပါ။ မြန်မာ့လက်ဝှေ့ကို ကမ္ဘာ့စင်မြင့်ပေါ်တွင် ကြီးထွားစေရန်၊ နိုင်ငံအတွက် ကောင်းကျိုးများစွာ ယူဆောင်ပေးရန် နှင့် မြန်မာနိုင်ငံအား ၎င်း၏ စစ်မှန်သောမူလဌာနေအဖြစ် ဂုဏ်ယူစွာ အမြဲအသိအမှတ်ပြုစေရန် ကျနော်တို့ ကတိပြုထားပါသည်။ သို့ရာတွင် ဤပန်းတိုင်သို့ ရောက်ရှိရန်အတွက် အမှတ်တံဆိပ်အမည်မှာ BKFC Lethwei အတိုင်း ဆက်လက်တည်ရှိရမည်ဖြစ်ပါသည် ဟု ပြောကြားထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)