နေပြည်တော်၊ စက်တင်ဘာ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် တီယန်ကျင်း ဘူတာမှ ပေကျင်းမြို့သို့ အမြန် ရထားဖြင့် ထွက်ခွာကြသည်။
ထိုသို့ထွက်ခွာစဉ် တီယန်ကျင်းဘူတာရုံ၌ တီယန်ကျင်းမြို့ မြူနီစီပယ် အစိုးရမှ ဒုတိယ ဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ ထိုသို့ ပို့ဆောင် နှုတ်ဆက်စဉ် တရုတ်နိုင်ငံမှပြည်သူများက ဘူတာရုံလျှောက်လမ်း၌ နိုင်ငံအလံများဝှေ့ယမ်း၍ နှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် အမြန်ရထားဖြင့်စီးနင်းလိုက်ပါကြပြီး လမ်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာ ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည် ပေကျင်းမြို့၊ Southern Station ဘူတာသို့ ရောက်ရှိကြရာ ပေကျင်းမြူနီစီပယ်အစိုးရမှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တရုတ်နိုင်ငံ ပြည်သူများက ဘူတာရုံလျှောက် လမ်းတစ်လျှောက်အလံများ ဝှေ့ယမ်း၍ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြပြီး ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိခဲ့ကြကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost










No comments:
Post a Comment