စက်တင်ဘာ - ၂၉ ( တနင်္လာနေ့)
အိန္ဒိယနှင့် ရုရှားတို့က စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ဆက်စပ် စက်မှုလုပ်ငန်းများတွင် ၂ဘက်အကျိုးရှိ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ က ပြောကြားခဲ့ပါတယ်။
မိုဒီသည် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် နဲ့ စားနပ်ရိက္ခာလုပ်ငန်းကဏ္ဍကို ခင်းကျင်းပြသရန် ရည်ရွယ်တဲ့ ၂၀၂၅ ကမ္ဘာ့ စားသောက်ကုန် (အိန္ဒိယ) အစည်းအဝေးကို ကျင်းပခဲ့ပြီး အဲ့ဒိအစည်းအဝေးရဲ့ ဘေးဘက် တွေ့ဆုံမှုအနေနဲ့ ကြာသပတေးနေ့က နယူးဒေလီမြို့၌ ရုရှားဒုတိယဝန်ကြီးချုပ် ဒီမီထရီ ပက်ထရူရှေ့ဗ် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
"စိုက်ပျိုးမွေးမြူရေး၊ ဓာတ်မြေသြဇာ နဲ့ အစားအစာ ပြုပြင်ခြင်းလုပ်ငန်းတွေမှာ ကျနော်တို့က ၂ ဘက်အကျိုးရှိ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်" လို့ မိုဒီက သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
နယူးဒေလီရှိ ရုရှားသံရုံးက ဆွေးနွေးပွဲ ကြေညာချက်တွင် “BRICS သီးနှံလဲလှယ်မှု ဖန်တီးရေး ခေါင်းစဉ် အောက်မှာ အပြန်အလှန် စိုက်ပျိုးရေး ကုန်သွယ်မှုကို မြှင့်တင်ပေးမည့် လှုပ်ရှားမှု” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
"ရုရှားက အိန္ဒိယ နဲ့ အထူးအခွင့်ထူးခံ မိတ်ဖက်ဆက်ဆံရေးကို အလွန်တန်ဖိုးထားပါတယ်။ အိန္ဒိယသည် နိုင်ငံတကာနယ်ပယ်တွင် ရုရှားရဲ့ အဓိကမဟာမိတ်များထဲမှ တစ်ခုဖြစ်ပါတယ်။ နှစ်စဉ် ရုရှား-အိန္ဒိယ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုက အထင်ကြီးလောက်စရာ အဆင့်သို့ရောက်ရှိခဲ့ပါတယ်။ ၂၀၂၄ ကတော့ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏက သမိုင်းဝင်အမြင့်ဆုံးကိုရောက်ခဲ့ပါ” လို့ ဆိုသွားပါတယ်။
အိန္ဒိယနှင့် ရုရှားကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၄ - ၂၅ ဘဏ္ဍာနှစ်တွင် ကန် ဒေါ်လာ ၇၀ ဘီလီယံအနား အထိ ရှိခဲ့ကြောင်း အိန္ဒိယအစိုးရ၏ အချက်အလက်များအရ သိရပါတယ်။ အိန္ဒိယမှ ရုရှားသို့ အဓိက လယ်ယာထွက်ကုန် တင်ပို့မှုတွင် ငါး၊ ပုစွန်၊ ဆန်၊ ဆေးရွက်ကြီးနှင့် လက်ဖက်တို့ ပါဝင်ကြောင်း မော်စကိုမြို့ရှိ အိန္ဒိယသံရုံးမှ သိရပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment