ပြင်ဦးလွင်မြို့၊ ရေငယ်ကျေးရွာအုပ်စု၊ ပိုးစာစိုက်တောင်သူများ၏ စိုက်ပျိုးမြေများ ပြန်လည်စိုက်ပျိုးခွင့်ရရှိရေး အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးပါရန် (အိတ်ဖွင့်ပေးစာ)
၁။ ပြင်ဦးလွင်မြို့၊ ရေငယ်ကျေးရွာအုပ်စု၊ ပိုးစာစိုက်တောင်သူမြေ၊ ကွင်းအမှတ် (၆၈ဝ-ပြင်)၊ မြေဧရိယာ (၄၁. ၅၀)ဧက၊ ဦးပိုင်အမှတ် (အန် -၁၆/၁၇/၁၈/၁၉/၂ဝ)ရှိ ဧရိယာအတွင်း ဒေါ်ခင်မေမြင့်ပါတောင်သူ (၁ဝ)ဦး နှင့် ဒေါ်မိမိလေးပါ(၈၆)ဦးတို့မှ သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်မှစ၍ ပုံစံ(၇)ရရှိရေးအတွက် ပုံစံ (၁)ဖြင့် အပြိုင်လျှောက်ထား ဆောင်ရွက်ခဲ့ပါသည်။
၂။ အစိုးရ(၃)ဆက်တိုင်အောင် လယ်ယာမြေဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ လုပ်ဆောင်မှုများအား မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ဥပဒေဘောင်အတွင်းမှ (မြန်မာနေရှင်နယ်ပို့စ်မှ အယ်ဒီတာချုပ် ကိုနောင်တော်လေး) အား ဒေသခံတောင်သူများမှ ဖိတ်ကြား၍ အချင်းဖြစ်မြေပြင်အခြေအနေမှန်နှင့် ပြင်ဦးလွင် မြို့နယ်တစ်ခုလုံး၏ လယ်ယာမြေများ၊ သစ်တောမြေများ၊ ကော်ဖီမြေများ၊ ရေထိန်းတောများ၊ ရေထွက်များနှင့် သဘာဝအရင်းအမြစ်များ ဆုံးရှုံးနေရမှုများကို ဥပဒေအထက်မှကျော်လွန်၍ ဥပဒေမဲ့ လုပ်ဆောင်နေမှုများအား န. စ. ကအစိုးရနှင့် ဝန်ကြီးချုပ်သိရှိစေရန် တင်ပြခဲ့ပြီးဖြစ်ပါသည်။
၃။ ပြင်ဦးလွင်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (အတွင်းရေးမှူး ဦးထွန်းနောင်ဝင်း)မှ ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၈ဝ-ပြင်)၊ မြေဧရိယာ (၄၁. ၅ဝ)ဧကအတွင်း ဦးပိုင်အမှတ် (အန် -၁၆/၁၇/၁၈/၁၉/၂ဝ)ပေါ်တွင် ဒေါ်မိမိလေး ပါ-၈၆ဦးမှ သက်ဆိုင်ရာအဖွဲ့ အစည်း အဆင့်ဆင့်၏ ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုခဲ့သဖြင့် ဒေါ်မိမိလေးအား ပထမအကြိမ် တရားစွဲဆိုခဲ့ရာ ၂ဝ၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ (၃၅)၊ နည်းဥပဒေ - ၁၉ အရ စွဲချက်တင်နိုင်ခြင်း မရှိသဖြင့် ဒုတိယ အကြိမ်ထပ်မံ၍ ပြင်ဦးလွင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်ခိုင်မှ လယ်ယာမြေဥပဒေပုဒ်မ ၃၇-ကအရ တရားစွဲဆိုခဲ့ပါသည်။ အခင်းဖြစ် မြေနေရာအား မူလယာမြေအမျိုးအစားအဖြစ် ပြန်လည်သတ်မှတ် ရမည်ဖြစ်ကြောင်း န. စ. က အစိုးရ(ဝန်ကြီးချုပ်)၏ ထုတ်ပြန်ချက်ကို သိရှိပါသည်။ ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်၊ ပြင်ဦးလွင်မြို့နယ်တရားရုံးတွင် ဒေါ်မိမိလေးမှ အပြစ်ရှိကြောင်းဝန်ခံပြီး ဒဏ်ငွေ(၅)သိန်း ပေးဆောင်ပြီးဖြစ်ပါသည်။
၃။ ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် ခရိုင်လယ်စီ စီမံခန့်ခွဲမှု(အတွင်းရေးမှူး ဦးစိုးမင်းသူ) နှင့် ကွင်းစာရေး ကိုနန္ဒလွင်၊ သစ်တော၊ စီမံကိန်း၊ အိုးအိမ်၊ စိုက်ပျိုးရေး၊ ခရိုင်အဆင့် ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်ပါသည်။ ခရိုင်အတွင်းရေးမှူး ဦးစိုးမင်းသူမှ မိမိတို့အား ရုံးသို့ ဆင့်ခေါ်ပြီး ထွက်ဆိုချက်တောင်းမည်ဟု နှုတ်မိန့်ဖြင့် ပြောခဲ့ပါသည်။ ယခုအချိန်ထိ ခေါ်ယူစစ်ဆေးခြင်းမရှိပါ။ ပြင်ဦးလွင်မြို့သည် အေးချမ်းသာယာ၍ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုး၍ အုပ်ချုပ်မှုယန္တရား ပုံမှန်လည်ပတ်မှုရှိသော ဒေသဖြစ်ပါသည်။
၄။ သို့ပါ၍ မူလတောင်သူ ဒေါ်ခင်မေမြင့်ပါ(၁ဝ)ဦးတို့၏ ယာမြေပေါ်တွင် မြေယာပြုပြင်၍ မိုးရာသီအမှီ စိုက်ပျိုးနိုင်ရန်အတွက် ရေငယ်ကျေးရွာ အခြေစိုက် ရှမ်းတောင်သူ လယ်သမားနှင့် စိုက်ပျိုးရေးအခြေခံအဖွဲ့အစည်းသည် (၁-၁-၂ဝ၂၃)ရက်နေ့၊ ရေငယ်ကျေးရွာ၌ ကျင်းပပြုလုပ်သော အစည်းအဝေးဆုံးဖြတ်ချက်အရ အသင်းဝင်တောင်သူများအနေဖြင့် ပြင်ဦးလွင်မြို့၊ ရေငယ်ကျေးရွာ၊ ကွင်းအမှတ် (၆၈ဝ-ပြင်)အတွင်းရှိ မိမိတို့တစ်ဦးချင်း ပိုင်ဆိုင်သော (သို့မဟုတ်) မိမိစိုက်ပျိုးရန် အခွင့်အလမ်းရှိသော (မြေ) ဧကအတွင်း မိုးရားသီအချိန် မနှောင်းမီ စိုက်ပျိုးမည့် နှစ်ရှည်သီးနှံများမှာ -
(က) ကော်ဖီ၊
(ခ ) အရိပ်ရအပင်အဖြစ် ထောပတ်သီးပင်တို့ဖြစ်ပါသည်။
စိုက်ပျိုးမည့်စီမံချက်
(က) ပထမနှစ်တွင် အရိပ်ရပင်အဖြစ် ထောပတ်သီးပင်များကို ၂ဝ' × ၂ဝ'ခန့်ဖြင့် (၁)ဧက အပင်(၁ဝဝ)စိုက်ပျိုးပြီး
( ခ) တတိယနှစ်တွင် အရိပ်ရထောပတ်သီးပင်များကြားတွင် ကော်ဖီသီးနှံကို ဆက်လက် စိုက်ပျိုးသွားမည် ဖြစ်ပါသည်။
စိုက်ပျိုးမည့်တောင်သူစာရင်းမှာ
(၁) ဦးငြိမ်းမောင် (၃)ဧက ရေငယ်ကျေးရွာ၊ ပြင်ဦးလွင်မြို့။
(၂) ဒေါ်ခင်မေမြင့် (၄)ဧက ရပ်ကွက်ကြီး (၆)၊ ပြင်ဦးလွင်မြို့။ (ဦးမျိုးမြင့်၏ ညီမ) ပိုးစာစီမံကိန်းမန်နေဂျာ
(၃) ဦးသောင်းမြင့်ထွန်း (ဝ. ၅ဝ)ဧက ရေငယ်ကျေးရွာ၊ ပြင်ဦးလွင်မြို့။
(၄) ဦးလှအောင်(ဆီ) (၁)ဧက ရေငယ်ကျေးရွာ၊ ပြင်ဦးလွင်မြို့။
(၅) ဒေါ်ဝင်းမေ (၃)ဧက ရေငယ်ကျေးရွာ၊ ပြင်ဦးလွင်မြို့။
(၆) ဒေါ်ရွှေအုံ (ဒေါ်မြမြဝင်း၏ အမေ) (၃)ဧက ရေငယ်ကျေးရွာ၊ ပြင်ဦးလွင်မြို့။
(၇) ဦးအောင်သင်း (ဦးသီဟတင်ဖြိုး၏ ဖခင်) (၂)ဧက ရေငယ်ကျေးရွာ၊ ပြင်ဦးလွင်မြို့။
ရေးသားပေးပို့သူ - ဒေါ်ခင်မေမြင့်
https://t.me/MyanmarNationalPost
.jpg)
No comments:
Post a Comment