ဘန်ကောက်၊ စက်တင်ဘာ ၈
ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက အနူတင် ချန်ဗီရာကူးလ်အား ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် စက်တင်ဘာ ၇ ရက်က အတည်ပြုခန့်အပ်ခဲ့ကြောင်း အောက်လွှတ်တော် အထွေထွေအတွင်းရေးမှူး အာပါ့သ် ဆူခါနွန့်က ကြေညာခဲ့သည်။အနူတင်အနေဖြင့် စက်တင်ဘာ ၅ ရက် ပါလီမန်မဲခွဲဆုံးဖြတ်မှု၌ ထောက်ခံမဲအများစုကို ရရှိခဲ့သဖြင့် ၎င်းအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည့် တော်ဝင်အမိန့်ပြန်တမ်းအား Bhumjaithai ပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် အခမ်းအနား၌ အာပါ့သ်က ဖတ်ကြားခဲ့ကြောင်း သိရသည်။
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost

No comments:
Post a Comment