ဂျပန်ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်


စက်တင်ဘာ - ၈ (တနင်္လာနေ့)

ဂျပန်ဝန်ကြီးချုပ် Ishiba Shigeru က သူ ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဇူလိုင်လက အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အာဏာရ Liberal Democratic Party (LDP) ပါတီ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပါတီအတွင်း မစ္စတာ Ishiba အပေါ် ပြစ်တင်ဝေဖန်မှုတွေ ရှိလာပါတယ်။

မစ္စတာ Ishiba ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဝန်ကြီးချုပ်ရာထူးဆက်ခံခဲ့ပြီး ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ပါတီတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ဖို့ ကတိပြုခဲ့ပါတယ်။ LDP ဟာ နိုင်ငံရေးရန်ပုံငွေရှာဖွေရေးအရှုပ်တော်ပုံတွေမှာ ဆက်တိုက်ပတ်သက်ဆက်နွှယ်နေခဲ့ပါတယ်။

မစ္စတာ Ishiba အာဏာရပြီး မကြာမီမှာ LDP နဲ့ ညွန့်ပေါင်းမိတ်ဖက် Komeito ပါတီ တို့ဟာ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ အများစုနေရာကို မရနိုင်ခဲ့ပါဘူး။ အဲဒီအာဏာရညွန့်ပေါင်းအဖွဲ့ဟာ ဇူလိုင်လမှာ ကျင်းပတဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲမှာလည်း အများစုနေရာ မရခဲ့ပါဘူး။

ရွေးကောက်ပွဲရလဒ်အတွက် တာဝန်ယူဖို့ မစ္စတာ Ishiba အပေါ် တောင်းဆိုမှုတွေ များပြားလာနေချိန်မှာ LDP ဟာ ပါတီခေါင်းဆောင်ကို ရွေးချယ်တဲ့ အထူးရွေးကောက်ပွဲ ကျင်းပမလားဆိုတာကို ယနေ့ တနင်္လာနေ့မှာ ဆုံးဖြတ်ဖွယ် ရှိပါတယ်။


Ref - NHK

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)