၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး

 



လွိုင်ကော်  ၊ စက်တင်ဘာ ၅


သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ စုစုပေါင်း(၁၀၀၈.၆၉၂)ကျပ်သန်း လမ်း(၈)လမ်း၊ Box Culvert (၁)စင်း တည်ဆောက်ခြင်း လုပ်ငန်းများ (၁၀၀%) ဆောင်ရွက်ပြီးစီးပြီဖြစ်ပါ၍ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအား ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်မျိုးသန်းနှင့် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီအဖွဲ့ဝင်များသည် ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။


အဆိုပါလမ်း၊ တံတားလုပ်ငန်းများပြီးစီးပါက ကျေးရွာ(၆)ရွာ၊ အိမ်ခြေ(၆၁၄)၊ လူဦးရေ (၅၄၈၆)ဦးတို့အတွက် ယခင်ကထက် လမ်းပန်းဆက်သွယ်ရေးလွယ်ကူချော့မွေ့မည်ဖြစ်ပြီး လူမှုစီးပွားကဏ္ဍများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


ကိုတွတ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)