ဆေးတက္ကသိုလ် (တောင်ကြီး) တွင် “ကျန်းမာရေးဝန်ထမ်းအချင်းချင်း အပြန်အလှန်သင်ယူခြင်းအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း” (Practical Implementation of Inter-professional Education in Taunggyi IPE Zone)” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆေးတက္ကသိုလ် (တောင်ကြီး) တွင် “ကျန်းမာရေးဝန်ထမ်းအချင်းချင်း အပြန်အလှန်သင်ယူခြင်းအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း” (Practical Implementation of Inter-professional Education in Taunggyi IPE Zone)” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




တောင်ကြီး၊ စက်တင်ဘာ ၅

ဆေးတက္ကသိုလ် (တောင်ကြီး) တွင် “ကျန်းမာရေးဝန်ထမ်းအချင်းချင်း အပြန်အလှန်သင်ယူခြင်းအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း” (Practical Implementation of Inter-professional Education in Taunggyi IPE Zone)” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ဆေးတက္ကသိုလ်(တောင်ကြီး) Cherry Blossom Ballroom ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဆေးတက္ကသိုလ် (တောင်ကြီး) ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာလှဝင်းမြင့်၊ ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ ဆေးတက္ကသိုလ် (တောင်ကြီး) ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာ သဲနုထွေး၊ ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးညွန့်၊ တောင်ကြီး စဝ်စံထွန်းပြည်သူ့ဆေးရုံ၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့မှ ဆေးရုံအုပ်ကြီးများ၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်မှူး၊ (တောင်ကြီး)သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့မှ ကျောင်းအုပ်များ၊ ဆေးတက္ကသိုလ် (တောင်ကြီး) မှ ဆရာ/ဆရာမများ  တက်ရောက်ကြပါသည်။

ဦးစွာ ဆေးတက္ကသိုလ်(တောင်ကြီး)၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာလှဝင်းမြင့်က အဖွင့်အမှာစကားပြာကြားရာ လူနာဦးစားပေး၊ လူနာအခြေပြုကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးတိုးတက်စေရန်နှင့် ကျန်းမာရေးဝန်ထမ်းအချင်းချင်း အပြန်အလှန်သင်ယူရန်အတွက် တောင်ကြီးမြို့ ရှိဆေးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့မှ ကျောင်းသူ/ ကျောင်းသားများအား ကျန်းမာရေးဝန်ထမ်းအချင်းချင်းသင်ယူခြင်းအတွက် လိုအပ်သည့် အရည် အသွေးများဖြစ်သော ဝန်ထမ်းအချင်းချင်းပူးပေါင်းဆောင်ရွက်ရာ၌ ထားရှိရမည့်တန်ဖိုးထားမှု၊ ကျင့်ဝတ်၊ အခန်းကဏ္ဍနှင့် တာဝန်များ၊ ဝန်ထမ်းအချင်းချင်း ဆက်သွယ်ခြင်း/ပြောဆိုဆက်ဆံခြင်း၊ အဖွဲ့များနှင့် အဖွဲ့လိုက်လုပ်ဆောင်မှု တို့ကို ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အရည်အသွေးများကို ဆောင်ရွက်ခြင်း/ ဆန်းစစ်မှုအတွက် ပြင်ဆင်ခြင်း၊ ဆေးရုံ/ ဆေးခန်းများ၌ ကျန်းမာရေးဝန်ထမ်းအချင်းချင်း အပြန်အလှန်သင်ယူခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းဌာနများ၌ ပူးပေါင်းသင်ကြားခြင်းများအပြင် အနာဂတ်သုတေ သနအတွက်အကြံပြုချက်များကို သင်ရိုးညွှန်းတမ်းတွင်ထည့်သွင်းသင်ကြားရန်၊ ဆေးတက္ကသိုလ် (တောင်ကြီး) နှင့် သင်ကြားရေးဆေးရုံများဖြစ်သော စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သင်ကြားရေးဌာနအသီးသီးမှ ဆရာ/ ဆရာမများ၊ သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ စုစုပေါင်း (၅၀) ဦးတို့ တက်ရောက်ပြီး စုပေါင်းဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါသည်။ ယခုအလုပ်ရုံ ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်အား တိုးတက်အောင်မြင်စေရန် အရေးကြီးဆုံးအစီအစဉ်များထဲမှ တစ်ခုဖြစ်ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ (၄) ရက်နေ့မှ (၅) ရက်နေ့ထိ ( ၂ ) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။


ကျော်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)