မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ဒုတိယအကြိမ်အာဟာရကျွေးမွေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ဒုတိယအကြိမ်အာဟာရကျွေးမွေးခြင်းဆောင်ရွက်






မြောက်ဥက္ကလာပ၊  စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပ မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ KG ကျောင်းသား၊ ကျောင်းသူများအား    ဒုတိယအကြိမ် အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ အာဟာရကျွေးမွေးခြင်းဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များနှင့်အတူ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းရှိ KG ကျောင်းသား/သူများအား အာဟာရအုပ်စု(၅)စုအားရှင်းလင်းပြောကြားခြင်း၊ အာဟာရကျွေးမှု မပြုလုပ်မီလက်ဆေးခြင်း၊ အာဟာရမှုန့်နှင့် ထမင်းရောကျွေးခြင်း၊ အစာစားပြီးချိန်တွင် လက်ဆေးခြင်းတို့ကို ပြုလုပ်ခြင်းလုပ်ငန်များအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)