ကံမမြို့နယ် သာဇီကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်(၁၈)လုံး ပျက်စီးကာ လူတစ်ဦး ချောင်းရေမျောပါပျောက်ဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ် သာဇီကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်(၁၈)လုံး ပျက်စီးကာ လူတစ်ဦး ချောင်းရေမျောပါပျောက်ဆုံး




 ကံမ  ၊ စက်တင်ဘာ ၁


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ယမန်နေ့ ည ၈ နာရီမှ စက်တင်ဘာလ ၁ ရက် နံနက် ၅ နာရီခန့်အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက် ၇ နာရီခန့်တွင် သာဇီကျေးရွာအနီး ငဝတ်ချောင်းရေကြီးရေလျှံမှုကြောင့် ‌ချောင်းအနီးရှိ လူနေအိမ် ၁၈ လုံး၊ နွားလှည်းနှစ်စီး၊ စပါးကျီနှစ်လုံးနှင့် စပါးတင်း၂၂၀ ချောင်းရေနှင့်အတူ မျောပါပျက်စီးခဲ့သည်။


ထို့ပြင် လူခုနစ်ဦးမှာလည်း ချောင်းရေနှင့်မျောပါသွားသဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံရှာဖွေခဲ့ရာ (၆) ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး (၁) ဦးမှာပျောက်ဆုံးနေသဖြင့် ဆက်လက်ရှာဖွေလျက်ရှိသည်။


အဆိုပါနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးဇော်မင်းနိုင်နှင့် တာဝန်ရှိသူများက သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)