မန္တလေး၊ စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ချမ်းအေးသာစံမြို့နယ်ရှိမန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံး၊ မြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီ၊ ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် ပညာရှင်များ၊ ပြိုင်ပွဲဝင် ခရိုင် နှင့် တက္ကသိုလ်များမှ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဦးတည်ချက်များ၊ ရည်ရွယ်ချက်များဖြင့် ဝါသနာရှင် မျိုးဆက်သစ် လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးအနက်ထားကာ အစဉ်အလာ မပျက်ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသားတို့၏အမျိုးသားယဉ်ကျေး မှုလက္ခဏာများကို ထင်ဟပ်ဖော်ပြနေသည့် ပြိုင်ပွဲတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖွံ့ဖြိုးတိုးတက်စေရုံ သာမက အစဉ်ထာဝရမြင့်မားနေစေရန်၊ ရိုးရာဓလေ့ထုံးစံ အမွေအနှစ်များ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်သည့်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်၊ မြန်မာ့ဂုဏ်ရည်များ အစဉ်ထာဝရရှင်သန်ထက်မြက်နေစေရန် နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို လေးစားမြတ်နိုး ထိန်းသိမ်းလိုသည့်စိတ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း နှင့် ဗဟိုအဆင့်ပြိုင်ပွဲအတွက် အရည်အချင်း ပြည့်ဝသူ အနုပညာရှင်များကို တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများတွင် သမာသမတ် ကျစွာဖြင့် ရွေးချယ်ပေးသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment