နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ရွှေ့ပြောင်းသွားလာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် စပ်လျဉ်းသည့် ကမ္ဘာလုံးဆိုင်ရာဖိုရမ်၏ (၁၅) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ရွှေ့ပြောင်းသွားလာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် စပ်လျဉ်းသည့် ကမ္ဘာလုံးဆိုင်ရာဖိုရမ်၏ (၁၅) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်





နေပြည်တော်၊ စက်တင်ဘာ ၁၀

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုလံဘီယာနိုင်ငံ၊ ရီယိုအာချာမြို့၌ ၂-၉-၂၀၂၅ ရက်မှ ၄-၉-၂၀၂၅ ရက်အထိ ကျင်းပခဲ့သည့် ရွှေ့ပြောင်းသွားလာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် စပ်လျဉ်းသည့် ကမ္ဘာလုံးဆိုင်ရာဖိုရမ်၏ (၁၅) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ (15th Summit of the Global Forum on Migration and Development) သို့ တက်ရောက်ခဲ့ကြသည်။ 

ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်၏ပထမနေ့(၂-၉-၂၀၂၅ ရက်)တွင် ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ “Striking a New Deal on Pathways: Aligning Priorities for Countries of Destination and Origin” ခေါင်းစဉ်ဖြင့် ကျွမ်းကျင်သူအဆင့် စကားဝိုင်းသို့လည်းကောင်း၊ "Durable Solutions to Internal Displacement" ခေါင်းစဉ်ဖြင့် ကျွမ်းကျင်သူ အဆင့်စကားဝိုင်းသို့လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲဖိုရမ်၏ ဒုတိယနေ့ (၃-၉-၂၀၂၅ ရက်)တွင် “Care work in migration, recognition, advocacy and progress on the global and regional migration” ခေါင်းစဉ်ဖြင့် ကျွမ်းကျင်သူ အဆင့်စကားဝိုင်းသို့ လည်းကောင်း၊ “Restoration of Rights as the Cornerstone for a Dignified Return” ခေါင်းစဉ်ဖြင့် ကျွမ်းကျင်သူအဆင့်စကားဝိုင်းသို့ လည်းကောင်း တက်ရောက်ခဲ့ကြသည်။ ဖိုရမ် တတိယနေ့ (၃-၉-၂၀၂၅ ရက်)တွင် Future of the Forum ကိုလည်းကောင်း၊ ပိတ်ပွဲအခမ်းအနားကိုလည်းကောင်း တက်ရောက်ခဲ့ကြသည်။ 

အဆိုပါဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားသို့ ကိုလံဘီယာသမ္မတ H.E. Mr. Gustavo Petro နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mrs. Rosa Yolanda Villavicencio Mapy တို့က တက်ရောက်၍ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီး နိုင်ငံပေါင်း (၆၉) နိုင်ငံမှ ကိုယ်စားလှယ်များ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် လေ့လာသူများ (၇၃) ဖွဲ့၊ စုစုပေါင်းအင်အား(၁၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။ 

ဆွေးနွေးပွဲအား ရွှေ့ပြောင်းသွားလာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိပြီး အပြုသဘောဆောင်သော မူဝါဒဆွေးနွေးပွဲများကို အစိုးရများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား အပြန်အလှန်ဆွေးနွေးဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ပြစ်သစ်နိုင်ငံ ပါရီမြို့၌ ရပ်နားစဉ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ပါရီမြို့ရှိ မြန်မာသံရုံးမှ သံရုံးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)