ပဲခူးတက္ကသိုလ်၌ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅“အတွေ့အကြုံစကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနား” ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတက္ကသိုလ်၌ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅“အတွေ့အကြုံစကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနား” ကျင်းပပြုလုပ်













ပဲခူး၊ စက်တင်ဘာ ၁၀

ပဲခူးတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂ဝ၂၅ “အတွေ့အကြုံစကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနား ” ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတတ်ရောက်လာကြသူအားလုံးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ အား အလေးပြုကြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက“လူငယ့်အားမာန်” သီချင်းဖြင့်  သီဆိုဖျော်ဖြေကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းတစ်ခုမှာ အားကိုအားထားပြုကြရတဲ့ လူ့စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်ပြီး ခေတ်စနစ်တွေ နှင့်အညီ မျိုးဆက်သစ်လူငယ်တွေသည် အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးပိုင်းနဲ့ ကိုယ်စွမ်းကိုယ်စပိုင်းတွေမှာ ထူးချွန်ထက်မြက်နေဖို့ လိုအပ်နေမှာဖြစ်ကာ အဲဒီလိုဖြစ်ပေါ်နိုင်ဖို့ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှု အခွင့်အလမ်းနဲ့ စွမ်းရည်မြှင့်တင်ရေးပိုင်းတွေကို ဖွံဖြိုးရေးလမ်းကြောင်း ပေါ်မှာ တစိုက်မတ်မတ် တည်ရှိနေအောင် နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ လူငယ် မောင်မယ်များသည် အနာဂတ်ကို စောင့်ဆိုင်းနေသူတွေမဟုတ်ဘဲ ပစ္စုပ္ပန်ကို မောင်းနှင်နေကြသူများဖြစ် သလို အနာဂတ်ကို ထုဆစ်ပုံဖော်နေကြသည့် ဗိသုကာပညာရှင်များဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဖိုးတန်ဆုံး ရတနာတွေဖြစ်တဲ့ လူငယ်များအနေဖြင့် လန်းဆန်းတတ်ကြွတဲ့ အသွင်သဏ္ဌာန်တွေ၊ ယုံကြည်ရဲရင့်တဲ့ စိတ်ဓါတ်တွေနဲ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ကဏ္ဍစုံ၊ ဘက်ပေါင်းစုံမှ တတ်တတ်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားခဲ့သည်။ 

၎င်းနောက် ပဲခူးတက္ကသိုလ် အတွက် သုတ/ရသ စာအုပ်စာစောင်များအား ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ပဲခူးတက္ကသိုလ်အတွက် အားကစားပစ္စည်းများပေးအပ်ကာ အခမ်းအနား တက်ရောက်လာကြသူများက မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ အမှတ်တရ Video Click အား ကြည့်ရှုခဲ့ကြသည်။

ထို့နောက် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ သို တက်ရောက်ခဲ့သည့် အတွေ့အကြုံအား အုပ်ချုပ်သူတစ်ဦးက ရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးတက္ကသိုလ် ကျောင်းသား/ကျောင်းသူ များမှ “ပန်းတိုင်းပွင့်ပါစေ” တေးသီချင်းဖြင့် ဖျော်ဖြေကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖျော်ဖြေရေးအဖွဲ့ များ၊ ပဲခူးတက္ကသိုလ်ရှိ အနုပညာအသင်း၊ ဗုဒ္ဓဘာသာအသင်း၊ အားကစားအသင်း၊ ခြေလျင်တောင်တက် အသင်းနှင့် ကြက်ခြေနီအသင်းတို့အား ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနား(ဒုတိယပိုင်း)အစီအစဉ်အား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အေရိုးဗစ်အသင်းမှ သရုပ်ပြသဖျော်ဖြေပြီး မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ သို့ တက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များက "ပြောင်းလဲနေသော ကမ္ဘာနှင့် မြန်မာ-ပထဝီနိုင်ငံရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ "ပြောင်းလဲနေသော ကမ္ဘာနှင့် မြန်မာ-ပထဝီစီးပွားရေး" ခေါင်းစဉ်ဖြင့်လည်း ကောင်း ဆွေးနွေးပြောကြားခဲ့ကြပြီး အုပ်ချုပ်သူတစ်ဦးက ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ အနှစ်ချုပ်ပြန်လည် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)