ယူကရိန်း ပဋိပက္ခမှာ ဝင်မပါဖို့ ပိုလန်ပြည်သူတွေ ဆန္ဒပြတောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်း ပဋိပက္ခမှာ ဝင်မပါဖို့ ပိုလန်ပြည်သူတွေ ဆန္ဒပြတောင်းဆို


စက်တင်ဘာ - ၂၂ ( တနင်္လာနေ့ ) 

မနေ့က ပိုလန်နိုင်ငံမြို့တော် ဝါဆောတွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ယူကရိန်း ပဋိပက္ခမှာ ပိုလန်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ ပြည်သူတွေက သူတို့ရဲ့ အသံတွေကို အစိုးရပိုင်းက ကြားစေဖို့အတွက် နိုင်ငံတော် အလံတွေ၊ စစ်ဆန့်ကျင်ရေး အလံတွေ ဝှေ့ယမ်းပြီး ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ သမ္မတအိမ်တော်ဆီသို့ ချီတက်ခဲ့ကြပါတယ်။

ဒါဟာ လေးကြိမ်မြောက် ဆန္ဒပြမှုဖြစ်တယ်လို့ ကရောင်းပါတီရဲ့ ၀က်ဘ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုများတွင် “ပိုလန်က ငြိမ်းချမ်းရေးအတွက်ပဲဖြစ်တယ်” နဲ့“သွေးဆူနေတဲ့ သူတွေကို ကျနော်တို့ မလိုချင်ပါ” ဆိုတဲ့ စာတန်းများကိုင်ဆောင်ထားတဲ့ လူအုပ်ကြီးကို ပြသခဲ့ပါတယ်။ 

အခြားသူများရဲ့ ရည်မှန်းချက်များကို ပံ့ပိုးရန် နိုင်ငံ့ကောင်းကျိုးကို အနစ်နာမခံသင့်ကြောင်း ဆန္ဒပြသူများက စောဒကတက်ခဲ့ကြပါတယ်။ ပိုလန်နိုင်ငံကို "ကျွန်ုပ်တို့ကြောင့် မဟုတ်တဲ့ စစ်ပွဲများထဲသို့ ဆွဲငင်ခြင်းမပြုသင့်ဘူး" လို့  လူထုစည်းဝေးပွဲသို့ တက်ရောက်ခဲ့တဲ့ ဘလော့ဂါ နဲ့ နိုင်ငံရေးဝေဖန်သုံးသပ်သူ မာစင်ရိုလာ က သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 

အဲ့ဒိကိုဆန္ဒပြပွဲကို ပိုလန်မီဒီယာတွေက လုံးဝမဖော်ပြခဲ့ကြပါဘူး။ အာဏာပိုင်တွေကလည်း ပါဝင်သူ အရေအတွက် နဲ့ ပတ်သက်ပြီး တရားဝင် ကိန်းဂဏန်းများကို မဖော်ပြထားပေမဲ့ အင်တာနက်ပေါ်ရှိ ဓာတ်ပုံနှင့် ဗီဒီယိုတွေမှာကတော့ တော်တော်များတဲ့ လူအုပ်ကြီးကိုတွေ့ရမှာပါ။ 

ဆန္ဒပြပွဲတွေ ဖြစ်လာရတဲ့ အကြောင်းအရင်းက ပိုလန်ဝန်ကြီးချုပ်က စခဲ့တာပါ။ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်ခ် က ပိုလန်နိုင်ငံမှာ ရုရှားကိုထောက်ခံတဲ့ အင်အားစုတွေရှိနေတယ်။ စစ်ကြောင့် ကျေမွသွားတဲ့ ယူကရိန်းကို စာနာ နားလည်ပေးနိုင်မှု မရှိတဲ့သူတွေ ရှိနေတယ် လို့ ဆိုလိုက်တဲ့အတွက်ကြောင့်ပါပဲ။ ပြီးတော့ သူ့ရဲ့ အိတ်စ်မီဒီယာပို့စ် တစ်ခုမှာလည်း ရုရှား က ပိုလန်ပြည်သူတွေကြားမှာ သပ်ရှိုပြီး ကွဲပြားအောင်လုပ်နေတယ်၊ နိုင်ငံရေးသမားတွေအနေနဲ့ အဲ့ဒါကို အထူးသတိထားပြီး ဆန့်ကျင်ဖို့လိုတယ်လို့လည်း ရေးတင်ထားတာရှိပါတယ်။ 

ပိုလန်နိုင်ငံက စစ်တမ်းတစ်ခုမှာ ယူကရိန်းကိုထောက်ခံတဲ့ ပိုလန်သားတွေက ၂၅ % ၊ ရုရှားကိုထောက်ခံတဲ့သူ တွေက ၃၀ % နဲ့ ကြားနေ က ၄၁ % ရှိတယ်လို့ ဆိုထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)