မအူပင်မြို့နယ် ရေလဲ ကလေးကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများမှ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းခြင်း နှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရား၊ ပုထိုးများ ပြုပြင်ရန် အလှူငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့နယ် ရေလဲ ကလေးကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများမှ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းခြင်း နှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရား၊ ပုထိုးများ ပြုပြင်ရန် အလှူငွေများ ပေးအပ်







ရန်ကုန်၊ စက်တင်ဘာ  ၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)တွင်  မအူပင်မြို့နယ် ၊ ရေလဲ ကလေးကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများမှ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းခြင်း နှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရား၊ ပုထိုးများ ပြုပြင်ရန် အလှူငွေများ ပေးအပ်ခြင်းကိုယနေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါ တက္ကသိုလ်၀င်းရှိ မိုးကုတ်ဆွမ်းစားဆောင်တွင် ပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားသို့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းဆရာတော်ကြီး ဘဒ္ဒန္တသုမန အမှူးပြု‌သောဆရာတော်အရှင်သူမြတ်များ  ၊မအူပင်မြို့နယ်ရေလဲ ကလေးကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများဖိတ်ကြားထားသော ၊ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး  နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းဆရာတော်ကြီးငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြပြီး  ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရား၊ ပုထိုးများ ပြုပြင်ရန်အတွက် ရေလဲကလေးကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများမှ လှူဒါန်းသောအလှူ ငွေကျပ် ဆယ့်ငါးသိန်းအား အကျိုးဆောင် ဦးသန်းအောင်က လှူဒါန်း ခဲ့ ရာ ရန်ကုန်တိုင်းဒေသကြီး သာသနာ့ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် ရေလဲ ကလေးကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများ၊ စေတနာရှင်များ၊ ဖိတ်ကြားထား သောဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား  ဝါဆိုသင်္ကန်း  နှင့်  နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။  ယင်းနောက် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းဌာန ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက် သွန်းချ အမျှပေး ဝေခဲ့ကြကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်းသိရသည်။ 

အဆိုပါ  ရေလဲ ကလေးကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများမှ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် သီတင်းသုံး တော် မူကြသော စီမံ ၊ စာချ ၊ ဆရာတော်  ၊ သံဃာတော် ၄၄၀ပါးတို့အား စုပေါင်းကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြ ကြောင်းသိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)