နေပြည်တော် ၊ စက်တင်ဘာ ၆
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံမှ ယနေ့ ပြန်လည်ရောက်ရှိရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်သူများက သောင်းသောင်းဖြဖြ ကြိုခဲ့ကြသည်။
တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်ယာယီသမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံကို အလုပ်သဘောခရီးစဉ်စတင်ထွက်ခွာခဲ့ပြီး ခရီးစဉ်မှာ တရုတ်နိုင်ငံ တီရန်ကျင်းမြို့တွင်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုကော်ပိုရေးရှင်း၏ ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့ပြီး အဆိုပါအစည်းအဝေးမတိုင်မှီ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ လာအိုသမ္မတ သောင်လောင်ဆီဆိုလစ်တို့နှင့် သီးသန့်တွေ့ဆုံခဲ့သည်။ ခရီးစဉ်အတွင်း ဒေသတွင်းခေါင်းဆောင်တွေအပါအဝင် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်လည်းလည်း အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်ယာယီသမ္မတနှင့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနားကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေနဲ့အတူ တက်ရောက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ခရီးစဉ်အတွင်း လေ့လာရေးခရီးများ သွားရောက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ မှ ပြည်နယ်အတွင်းရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြည်ထောင်စုဝန်ကြီးများ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တပ်မတော်အရာရှိကြီးများအပါအဝင် ပြည်သူ ထောင်နဲ့ချီ ကြိုဆို ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment