အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန်အား သွားရောက်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန်အား သွားရောက်တွေ့ဆုံ


နယူးဒေလီ၊ စက်တင်ဘာ ၁၂

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဌာန၊ တွဲဖက်အတွင်းဝန် ရှရီ ဘီ ရှရမ်နှင့် ၁၁-၉-၂၀၂၅ ရက်နေ့၊ ၁၇:၀၀ နာရီတွင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် တွဲဖက် အတွင်းဝန်တို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်း ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ကျပ်-ရူပီး ငွေပေးချေမှုစနစ် တွင်ကျယ်လာစေရေး၊ ကုန်သွယ်မှု၊  စီးပွားဆက်သွယ်မှု၊ နယ်စပ်ဒေသ စီမံခန့်ခွဲမှု စသည့်ကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အလားအလာများ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)