(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (၂၀၂၅) ၌ မြန်မာနိုင်ငံကိုယ်စားပြုပြခန်းများ အဆင့်အတန်းပြည့်မီစွာ ခင်းကျင်းပြသနိုင်ရေး ညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (၂၀၂၅) ၌ မြန်မာနိုင်ငံကိုယ်စားပြုပြခန်းများ အဆင့်အတန်းပြည့်မီစွာ ခင်းကျင်းပြသနိုင်ရေး ညှိနှိုင်းစည်းဝေး


နေပြည်တော်၊ စက်တင်ဘာ ၁၂

(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါကုန်စည်ပြပွဲအဆင့်အတန်းပြည့်မီစွာ ခင်းကျင်းပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကုန်စည်လုပ်ငန်းရှင်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တရုတ် - အာဆီယံ ကုန် စည်ပြပွဲ၏ ကုန်စည်ပြခန်းဆောင်တွင် ပြခန်း ၁၂၀ ဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ စားသောက်ကုန်၊ ကော်ဖီ၊ အထည်အလိပ်၊ လက်မှုအနုပညာပစ္စည်းများ၊ ကျောက် စိမ်း၊ ပတ္တမြား၊ နီလာ၊ ပယင်းစသည့် ကျောက်မျက်လက်ဝတ်ရတနာများအပြင် မြန်မာနိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာ ဆက်စပ်ထုတ်ကုန် နှင့် ဝန်ဆောင်မှုများကိုပါ ခင်းကျင်းပြသမည်ဖြစ်ကြောင်း၊ မြန်မာ့ထုတ်ကုန်များ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ ဈေးကွက်ရရှိရေးအတွက် လိုက်ပါပြသမည့် ကုန်စည်လုပ်ငန်းရှင်များ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း၊ ကုန်စည်ပြပွဲသို့ တက်ရောက်ကြသူများ သည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တက်ရောက်လာသူများနှင့် ရင်းနှီးမှုရရှိရေး၊ ဆက်သွယ် မှုရရှိရေးအတွက် သတင်းအချက်အလက်များ စုဆောင်းကာ Business Networking ကို တည် ဆောက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရေး အတွက်လည်း ဖိတ်ခေါ်ကြစေလိုကြောင်းနှင့် တရုတ်နိုင်ငံက သတ်မှတ်ထားသည့် ကုန်စည်ပြပွဲစည်း မျဉ်းစည်းကမ်းများကို အလေးထားလိုက်နာကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)