မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းညောင်ပင်သာဆိုလာလျှပ်စစ်မြစ်ရေတင် စီမံကိန်းတွင်(၄၀၀) ကီလိုဝပ်ဆိုလာဓာတ်အားပေးစနစ်ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းညောင်ပင်သာဆိုလာလျှပ်စစ်မြစ်ရေတင် စီမံကိန်းတွင်(၄၀၀) ကီလိုဝပ်ဆိုလာဓာတ်အားပေးစနစ်ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်




ဆင်ပေါင်ဝဲ  ၊ စက်တင်ဘာ ၁၀


မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းညောင်ပင်သာ ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင် (၄၀၀) ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်၌ (၄၀၀)ကီလိုဝပ်ဆိုလာဓာတ်အားပေးစနစ် မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းပွားအဖွဲ့၊ ဒိုးပတ်ဝိုင်းအဖွဲ့များအား ဂုဏ်ပြုငွေများချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း (၄၀၀) ကီလိုဝပ်ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါလုပ်ငန်းဆောင်ရွက်ခဲ့သည့် Capacity Build Engineering Co.Ltd မှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းညောင်ပင်သာ ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေဖြင့် စိုက်ပျိုးထားသည့် ကွင်းအမှတ်(၄၃၂)ရှိ တောင်သူ ဦးစိုးအောင်၏ လယ်ယာမြေဧက(၁.၈၂)ဧက၊ အောင်နိုင်တိုး မိုးစပါးစိုက်ခင်း စိုက်ပျိုးဖြစ်မှုတို့ကို ကြည့်ရှုအားပေးကာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် မွှန်းညောင်ပင်သာဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းရှင်းလင်းဆောင်တွင် လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသ​ကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်းအား လုပ်ငန်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီမှ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းမြစ်) တာဝန်ရှိသူ တစ်ဦးက(၄၀၀)ကီလိုဝပ်ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း မှတ်တမ်းဖိုင်အား လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများက မိုးစပါးစိုက်တောင်သူများသို့ ဓာတ်မြေဩဇာသွင်းအားစုများပေးအပ်ခဲ့ပြီး ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကာ အဆိုပါကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများထံ ရုပ်သံလွှင့်စက်များပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


ခန့်ဝင်း(ဆင်ပေါင်ဝဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)