ဟင်္သာတတက္ကသိုလ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတတက္ကသိုလ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းပြုလုပ်






ဟင်္သာတ၊ စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတမြို့ ဟင်္သာတတက္ကသိုလ် ပင်မ သုံးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုပုံ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းဌေးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်စန်းစန်းအေးက မြန်မာအီလက်ထရောနစ်မဲပေး စက်(MEVM)နှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပြီးနောက် ဒုတိယဦးစီးမှူး ဦးအောင်မင်းဌေးနှင့် နည်းပြများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့စမ်းသပ်မဲပေးခြင်းကို  သရုပ်ပြ ရှင်းလင်းခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများက လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVE) လက်တွေ့စမ်းသပ်မဲပေးခြင်းသို့ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် အတွင်းရေးမှူး ၊ ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းနှင့်  ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ (၅၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)