အေအိုင်(ဉာဏ်ရည်တု) ချစ်ပ်တွေကို တိုးထုတ်ဖို့အတွက် တရုတ် စီစဉ်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အေအိုင်(ဉာဏ်ရည်တု) ချစ်ပ်တွေကို တိုးထုတ်ဖို့အတွက် တရုတ် စီစဉ်နေ


စက်တင်ဘာ - ၁ (တနင်္လာနေ့)

အမေရိကန်က တရုတ်ပို့ကုန်တွေကို ထိန်းချုပ်မှုတွေ လုပ်နေပေမဲ့ လာမယ့်နှစ်မှာ ပြည်တွင်းထွက်ကုန် သုံးဆတိုးလာစေရန် ရည်ရွယ်ပြီး တရုတ်က ၎င်းရဲ့ AI ချစ်ပ်များ ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ဖနန်ရှယ်တိုင်းမ် စီးပွားရေး သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ 

အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် အမေရိကန်သည် တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ် ချစ်ပ်များ ရောင်းချမှုကို ၂၀၂၂ ခုနှစ်ကတည်းက စတင်တားမြစ်ခဲ့ပါတယ်။ ဘေဂျင်းအစိုးရကတော့ အမေရိကန်တွေရဲ့ အဲ့ဒိအမူအကျင့်ကို “အန္တရာယ်ရှိသော ပိတ်ဆို့ခြင်း” လို့ တံဆိပ်ကပ်လိုက်ပါတယ်။ ဝါရှင်တန်ကို “နည်းပညာနှင့် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများကို နိုင်ငံရေး လက်နက်အဖြစ်အသုံးချခြင်း” ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

ချစ်ပ်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး တယ်လီကွန်းကုမ္ပဏီကြီး ဟွာဝေး နဲ့ ချိတ်ဆက်ထားတဲ့ စက်ရုံတွေမှာ တိုးချဲ့မယ်လို့ မျှော်လင့်ရပါတယ်။ အေအိုင်ချစ်ပ်တွေကို အကြီးအကျယ်ထုတ်လုပ်ဖို့အတွက် စက်ရုံတစ်ရုံကို ၂၀၂၅ နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်ရန် စီစဉ်ထားပြီး နောက်နှစ်တွင် နောက်ထပ် နှစ်ခုကို ထပ်ပြီး လည်ပတ်နိုင်ဖို့အတွက်လည်း စီစဉ်ထားပါတယ်။ 

အဆောက်အဦသစ်များသည် တရုတ်နိုင်ငံ၏ ထိပ်တန်းစက်ရုံဖြစ်သော ဆီမီးကွန်ဒက်တာ ထုတ်လုပ်မှု နိုင်ငံတကာ ကော်ပိုရေးရှင်း (SMIC) ရဲ့ လက်ရှိ AI ချစ်ပ်ထွက်ရှိမှုထက် ကျော်လွန်သွားနိုင်ကြောင်း နဲ့ ဟွာဝေး ကို ထောက်ပံ့ပေးထားပြီးဖြစ်တဲ့ SMIC သည် နိုင်ငံအတွင်း ထုတ်လုပ်သည့် အဆင့်မြင့်ဆုံးအမျိုးအစားဖြစ်သည့် ၇ - နာနိုမီတာ ချစ်ပ်များအတွက် ၎င်းရဲ့စွမ်းရည်ကို နှစ်ဆတိုးရန် စီစဉ်နေကြောင်း သိရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)