စပျစ်စိုက်ပျိုးရန် မြေလွတ်၊ မြေလပ်၊ မြေရိုင်း လျှောက်ထားလာသည့် ကုမ္ပဏီများအား မြေယာအသုံးချမှုဆိုင်ရာများ အသိပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စပျစ်စိုက်ပျိုးရန် မြေလွတ်၊ မြေလပ်၊ မြေရိုင်း လျှောက်ထားလာသည့် ကုမ္ပဏီများအား မြေယာအသုံးချမှုဆိုင်ရာများ အသိပေးဆွေးနွေး


နေပြည်တော်၊ စက်တင်ဘာ ၂၁

စပျစ်သီးနှံစိုက်ပျိုးရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထား လာသောကုမ္ပဏီများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ အသုံးပြုလုပ်ကိုင်နိုင်ရေး အသိပေးဆွေးနွေးခြင်းကို ၁၉-၉-၂၀၂၅ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသူများ အနေဖြင့် မိမိအမှန်တကယ်လုပ်ကိုင်နိုင်သည့် မြေပမာဏကိုသာ အသုံးပြုခွင့်လျှောက်ထားစေလိုကြောင်း၊ သတ်မှတ်ဧရိယာပြည့် အကောင်အထည် ဖော်ပြီးပါက မိမိတို့လုပ်ကိုင်နိုင်မှုအရ ဒုတိယအကြိမ်၊ တတိယအကြိမ်စသဖြင့် တိုးချဲ့လျှောက်ထားနိုင်ကြပါကြောင်း၊ ဥပဒေအရချထားသောမြေများ၌ လုပ်ငန်းအကောင်အထည်ဖော်ရန် လေးနှစ်ခွင့်ပြုထားသော်လည်း စပျစ်သည် စိုက်ပျိုးပြီးသုံးနှစ်အကြာတွင် ဝင်ငွေရရှိနိုင်သောကြောင့် မြေချထားပြီးသုံးနှစ်အတွင်း အပြီးသတ်စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြေခွန်ကင်းလွှတ်ခွင့်ကို သုံးနှစ်ခွင့်ပြုပေးမည်ဖြစ် သော်လည်း ယင်းသုံးနှစ်တာကာလအတွင်း Performance Guarantee (PG) အာမခံကြေး ပေးသွင်းရန်ဖြစ်ကြောင်း။

စပျစ်သီးနှံစိုက်ပျိုးလုပ်ကိုင်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် အခက်အခဲများရှိပါက သက်ဆိုင်ရာဦးစီးဌာနများက လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်လိုအပ်ချက်ဖြစ်၍ အောင်မြင်မှုရရှိစေရန် အတိတ်သင်ခန်းစာများရယူ၍ အောင်မြင်အောင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကြေးတိုင်နှင့် မြေစာရင်းညွှန်ကြား ရေးမှူးချုပ်က စပျစ်ဇုန်တည်နေရာနှင့် မြို့နယ်အလိုက် မြေရရှိနိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စပျစ်တစ်ဧကစိုက်ပျိုးရန် ကာလအလိုက် ကုန်ကျစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကုမ္ပဏီများမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)