DJ Violetအား ဖမ်းဆီးပြီး COVER ကလပ် အား ချိတ်ပိတ်အရေးယူထားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

DJ Violetအား ဖမ်းဆီးပြီး COVER ကလပ် အား ချိတ်ပိတ်အရေးယူထားကြောင်း သိရ



မန္တလေး၊ စက်တင်ဘာ ၁၂

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို တီးခတ်ခဲ့သည့် DJ Violet အား တာဝန်ရှိသူများက ဖမ်းဆီးပြီး မန္တလေးမြို့မှ COVER ကလပ် အား ချိတ်ပိတ်အရေးယူထားကြောင်း သိရသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃×၃၆လမ်းထောင့်ရှိ COVER ကလပ်ဆိုင်တွင် DJ Violet မှ  “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အား DJ ဖွင့်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

သတင်းရင်းမြစ်တစ်ခု "Violet ကို ဖမ်းသွားတယ်ဆိုတဲ့ သတင်းကြားတယ်။ ဆိုင်ကိုတော့ ချိတ်ပိတ်ထားပြီ" ဟု ဆက်သွယ်ပြောဆိုသည်။

DJ Violet က “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို ကလပ်တွင် DJ ဖြင့် တီးခတ်ဖျော်ဖြေမှုရုပ်သံများ ထွက်ပေါ်လာပြီးနောက် တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်မှုများ ကြားသိလာရပြီး DJ Violet က ဆရာတော်ထံ သွားရောက်တောင်းပန်ခဲ့သည့်စာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက် ရှိသည်။

လူမှုကွန်ရက် tiktok ပလက်ဖောင်းပေါ်တွင် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ အပါအဝင် ဓမ္မစကူးကျောင်းသားများကို သင်ကြားပေးသည့် ယဉ်ကျေးလိမ္မာသီချင်းကိုလည်း Remix လုပ်၍ မဖွယ်မရာ ကပြဖျော်ဖြေသည့် ရုပ်သံများ ထွက်ပေါ်လျက်ရှိသည်။ AI ဖြင့် ဖန်တီး၍ အမျိုးသမီးများ က ဘုရားစေတီပေါ်တက်သည့် ရုပ်သံများလည်း ဖန်တီးဖြန့်ဝေလျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)