မအူပင်မြို့နယ်မှာ သံဃာတော်တစ်ပါးကို လူ့မိစ္ဆာများက ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားတဲ့ ကိစ္စ၊ တရားမဝင် ဗလီကို တစ်နယ်တစ်ကျေး က မွတ်စလင်ကုလားများက လာရောက်ပြုပြင်နေတဲ့ကိစ္စတွေ ကြားသိရလို့ နေပြည်တော်အမျိုးသားရေးအဖွဲ့ က ဦးဆောင်ဆရာတော် ဦးပညာ၊ ဦးနေမိန္ဒ၊ ကျွန်တော်နဲ့အတူ ကိုရွှေထားတို့ သွားရောက်ခဲ့ကြပါတယ်။ ၁၅-၉-၂၀၂၅ ရက်နေ့ ညမှာ ရန်ကုန်မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)အဖွဲ့ထံမှာ သွားရောက်တည်းခိုပြီး ၁၆-၉-၂၀၂၅ ရက်နေ့မှာ အားလုံး မအူပင်မြို့ကို ချီတက်ခဲ့ကြပါတယ်။
မအူပင်မြို့မှ တာဝန်ခံ ဆရာတော်နဲ့ တွေ့ဆုံတိုင်ပင်ပြီး မိမိတို့ လာရောက်ရခြင်းကိစ္စများနဲ့ ဆက်စပ်လို့ လုပ်ဆောင်မယ့်ကိစ္စတွေ တိုင်ပင်ဆွေးနွေး စီစဉ်ကြပါတယ်။ အဲဒီကိစ္စတွေကတော့ ဆောင်ရွက်ပြီးဖြစ်လို့ ဒီဆောင်းပါးမှာ ထည့်မပြောလိုတော့ပါဘူး။
အမျိုးသားရေးဦးဆောင်ဆရာတော်များ ကြွရောက်လာတာကို သိတဲ့အခါ မအူပင်မြို့က အမျိုးသားရေး ညီအစ်ကိုတချို့လည်း ရောက်ရှိလာကြပါတယ်။ အပြန်အလှန်လေးစားမှု၊ အလေးထားမှုနဲ့ မြို့နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ မေးမြန်းဆွေးနွေးဖြစ်ကြပါတယ်။ မအူပင်က အမျိုးသားရေးအကိုတစ်ယောက်က ခေါ်လာလို့ ပန်းတနော်က ဦးဝင်းစိုး ဆိုသူက လာရောက်မိတ်ဆက်ပြီး သက်ငယ်မုဒိန်းဖြစ်စဉ်အကြောင်း ပြောလိုပါကြောင်း ပြောလာသည့်အတွက် မေးမြန်းဆွေးနွေးဖြစ်ပါတယ်။
ဖြစ်စဉ်က ပန်းတနော်မြို့နယ်၊ ထိန်ကုလားကုန်းအုပ်စု၊ ပေါ်တော်မူကျေးရွာမှာ (၁၇.၈.၂ဝ၂၅)ရက်နေ့ ညဦးပိုင်းအချိန်ခန့်တွင် ပေါ်တော်မူကျေးရွာ၊ အ.မ.က (G.5) တွင် တက်ရောက်ပညာသင်ကြားနေသူ မ×××× အသက်(၁၃)နှစ်ကျော် (၈.၃.၂၀၁၂) မွေးသူသည် ဒေါ်သန်းသန်းအေး နေ နေအိမ်တွင် သွားအိပ်ရာမှ ပျောက်ဆုံးသွားပါသဖြင့် လိုက်လံစုံစမ်းရှာဖွေရာတွင် (၁၈.၈ -၂၀၂၅)ရက်နေ့တွင် မအူပင်မြို့နယ်၊ ရွှေလှေသောင်အုပ်စု၊ ရွှေသောင်ယံကျေးရွာမှ ဦးအုန်းနိုင်(ဘ) ဦးမောင်ကြည် အသက်(၅၇)နှစ်ခန့်ဆိုသူမှ အတင်းအဓမ္မခိုးယူပြီး သားမယားအဖြစ် ပေါင်းသင်းနေကြောင်း သိရှိရပြီး (၁၉.၈.၂ဝ၂၅) နံနက်တွင် လူကြီးစုံရာနှင့်လာရောက် အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဓမ္မပြုကျင့်စော်ကားခြင်းခံရတဲ့ ကျောင်းသူမလေးရဲ့ အဖိုး ဦးဝင်းစိုးက ဒီကိစ္စမျိုးဟာ လုံးဝ လက်ခံလို့မရတဲ့ကိစ္စဖြစ်တဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားသော်လည်း မိဘများက တိုင်ကြားခြင်း မဟုတ်လို့ ယနေ့ထိတိုင်အောင် အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ရှင်းပြပါတယ်။ သူ့ရဲ့ရှင်းလင်းပြောဆိုမှုကို နားထောင်ပြီးနောက် အင်တာဗျူးမှတ်တမ်းယူမယ် ရမလားဆိုတော့ အမှန်တရားပေါ်ပေါက်စေချင်တဲ့ ဦးဝင်းစိုး က ရုပ်သံအင်တာဗျူးမှတ်တမ်းလည်း ပြောပေးပါတယ်။ သူ့အစ်ကို အဖိုးအရင်းလည်း ဒီကိစ္စအတွက် လုံးဝလက်မခံနိုင်ပါဘူး။ အခု ပါမလာလို့ပါလို့ ပြောပါတယ်။
ဦးဝင်းစိုး က အင်တာဗျူး ယူပြီး ကျွန်တော်တို့ လာရင်းကိစ္စတွေလည်း ဆက်လက်လုပ်ဆောင်ရန် ရှိသေးတာကြောင့် ထပ်မံဆက်သွယ်မယ်လို့ ပြောပြီး စကာဖြတ်ခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တခြားအစ်ကိုတွေကို မေးကြည့်တော့လည်း ဟုတ်မှန်ကြောင်း ပြောဆိုကြတယ်။ အလားတူ ဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့ဖူးပြီး တချို့ကျေးရွာတွေမှာ အဲဒီလို လူယုတ်မာတွေကို ရွာသူရွာသားများက ကိုယ့်အစီအစဉ်နဲ့ကိုယ် လက်စဖျောက် လုပ်လိုက်ကြတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ပြောပြပါတယ်။ အစ်ကို တစ်ယောက် ပြောတာက "ကျွန်တော် ကုန်ဆင်းဝယ်တဲ့ ရွာတွေမှာဆိုရင် အဲဒီလို မဖွယ်မရာ လုပ်တယ်ဆိုရင် ရွာထဲက လူတွေက အဲဒီ လူယုတ်မာကို အပြတ်ရှင်းပစ်လိုက်တာ။ စည်းဝေးတိုင်ပင်ပြီး တခါတည်း ရှင်းပစ်လိုက်တယ်။ အဲဒီ လူသတ်မှုအတွက် တစ်ယောက်က ထောင်ကျခံလိုက်တယ်။" လို့ ရှင်းပြတယ်။
စာရေးသူလည်း ဧရာဝတီတိုင်းသားပါပဲ။ ယခင်က အဲဒီလိုဖြစ်စဉ်မျိုးတွေ မကြားခဲ့ဖူးဘူး။ လောကကြီး ပျက်စီးနေပါပေါ့လား။ လူယုတ်မာ တွေ အင်မတန် သောင်းကျန်းနေပါပေါ့လားလို့ စိတ်ထဲတွေးနေမိတယ်။
အသက် (၁၃)နှစ်အရွယ် G-5 ကျောင်းသူလေးကို အဓမ္မပြုကျင့်စော်ကားတဲ့ သူယုတ်မာရဲ့ အခြေအနေကို မေးမြန်းကြည့်တော့လည်း ခေသူမဟုတ်သော သူယုတ်မာအကြီးစားပေါ့ဗျာ။
ဒီလိုဖြစ်စဉ်မျိုး NLD အစိုးရလက်မှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ မုဒိန်းကောင် က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ပုဂ္ဂလိကကျောင်းဖွင့်ထားတဲ့ NLD လွှတ်တော်အမတ်ရဲ့ အဖေ ဖြစ်ပါတယ်။ အဓမ္မပြုကျင့်စော်ကားခြင်း ခံရတဲ့ မိန်းခလေး က ဖျာပုံမြို့ကနေ အိမ်ဖော်လာလုပ်တဲ့ မိန်းခလေးဖြစ်ပါတယ်။ သမီးလေး အဲဒီလိုဖြစ်တော့ မိခင်ဖြစ်သူက ဥပဒေနဲ့အညီ ဖြစ်ဖို့ ကြိုးစားရင်းက ဥပဒေနဲ့အညီ မဖြစ်ဘဲ ဖမ်းဆီး အချုပ်ချခြင်းခံရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ NLD လွှတ်တော်အမတ်ရဲ့ အဖေက အဓမ္မပြုကျင့်စော်ကားထားတဲ့ ကိစ္စ အမှုနဲ့ သက်ဆိုင်တဲ့ ရဲတွေက မုဒိန်းကျင့်စော်ကားခြင်း ခံရတဲ့ မိန်းခလေးရဲ့ မိခင်ကို မဟုတ်မမှန်တိုင်ကြားမှုနဲ့ ပြန်ပြီး အမှုဆင်ဖမ်းဆီးပေးသည်အထိ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး က ဘယ်နိုင်ငံမှာမှ မရှိတဲ့ တရားဥပဒေစိုးမိုးရေး ပုံစံမျိုးလို့ ပြောရမလားဗျာ -
အဲဒီအမှု ကူညီဆောင်ရွက်ပေးတဲ့ ဖျာပုံမြို့က အစ်မကြီးတစ်ယောက်ရဲ့ ကူညီမှုနဲ့ ဆရာတော် ဦးဝီရသူထံ အမှုတွဲ ရောက်လာပြီး မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က ဆရာတော်ရဲ့ လမ်းညွှန်မှုကြောင့် ဆက်လက် ကူညီဆောင်ရွက်ပေးခဲ့ရပါတယ်။ ပြည်ဖျက်ပါတီ NLD အစိုးရလက်ထက်၊ မုဒိန်းကောင်က NLD လွှတ်တော်အမတ်ရဲ့ အဖေဆိုတော့ အဲဒီလို အမှုမျိုး လိုက်ပါလုပ်ဆောင်ရတာ လွယ်မလားဗျာ။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှာ ဘယ်လောက်အထိ တာဝန်ကြီးသလဲဆိုရင် အဓမ္မပြု့ကျင့်စော်ကားခြင်းခံရတဲ့ မိန်းခလေး က မိခင်စိတ်ရှိလို့ ဒီကိုယ်ဝန်ကို မွေးမယ်ဆိုတော့ စရိတ်ရှာပေး၊ ကျောင်းမှာ တည်းခိုနေထိုင်ပြီး မွေးဖွားနိုင်ဖို့အထိ စီစဉ်ပေးခဲ့ရတယ်။ မုဒိန်းကောင်ကိုတော့ ထိရောက်စွာအရေးယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီသာဓက ကို ထည့်ပြောရခြင်း က အခု ပန်းတနော်မြို့နယ်၊ ထိန်ကုလားကုန်းအုပ်စု၊ ပေါ်တော်မူကျေးရွာမှာ ဖြစ်တဲ့ သက်ငယ်မုဒိန်းဖြစ်စဉ်မှာလည်း မုဒိန်းကောင် က အမှုပွဲစား၊ ဘာညာ ဘာညာဆိုတာတွေနဲ့ အဆက်အစပ်ရှိတယ်။ အောက်လမ်းဆရာလိုလို ဘာလိုလို ဆိုတာကလည်း ကြောက်ရသေးတယ်။ မုဒိန်းကောင် ကိုယ်တိုင် မှာ သားသမီးတွေ ရှိတယ်။ အရွယ်မရောက်သေးတဲ့ ကျောင်းသူမိန်းခလေးတစ်ယောက် ကို အဓမ္မပြုကျင့် စော်ကားပြီးမှ ပြန်အပ်ရဲတယ်ဆိုတဲ့ သတ္တိကလည်း မျက်နှာပြောင်ကို ဆီစွပ်ပြီးတိုက်သလိုများ ဖြစ်နေသလား စဉ်းစားကြည့်ကြပါအုံး။
မြန်မာ့လူ့အဖွဲ့အစည်းမှာ ယဉ်ကျေးမှုတွေကို တန်ဖိုးထားတယ်။ လူမဆန်တဲ့ လုပ်ရပ်တွေကို လက်သင့်မခံဘူး။ ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ လူ့အဖွဲ့အစည်းမှာ အရွယ်မရောက်သေးတဲ့သူကို ထိမ်းမြားလက်ထက်ခွင့် ပြုထားခြင်းမျိုးလည်း မရှိဘူး။ ဒီလို လုပ်ရပ်မျိုးဟာ အကြမ်းဖက်ဝါဒီ၊ မိစ္ဆာဝါဒီတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်မျိုး ဖြစ်ပါတယ်။ ဒီလို အမှုမျိုး ကျူးလွန်သူကို ဒီအတိုင်းသာ လွှတ်ထားမယ်ဆိုရင် နောက်ထပ် ကျောင်းသူတွေ၊ အရွယ်မရောက်သေးတဲ့ မိန်းခလေးတွေကို ထပ်ပြီး မကျူးလွန်ပါဘူးလို့ ဘယ်သူ အာမခံမလဲ။
ဒီအမှုနဲ့ ပတ်သက်လို့ ဖခင်၊ မိခင်တို့က မုဒိန်းသမားရဲ့ စည်းရုံးသိမ်းသွင်းခြင်း ခံထားရတယ်ဆိုခဲ့ရင်တောင် ရပ်မိရပ်ဖများ၊ ဆွေမျိုးသားချင်းများက နောက်နောင် ဒါမျိုးထပ်မဖြစ်စေရေး တားဆီးဖို့ရာ ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ဖို့ လိုပါတယ်။ တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ တာဝန်သိပြည်သူတွေက ပြည်သူ့တရားစီရင်ရေးနဲ့ စီရင်ကြရပါတယ်။ စီရင်ခဲ့တဲ့ သာဓကတွေလည်း ကြားသိခဲ့ရပါတယ်။
အထက် ပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူများအနေနဲ့ ဒီလိုဖြစ်စဉ်မျိုးအပေါ် ဘယ်လို သဘောထားအမြင်များ ရှိကြပါသလဲ။ လောကကို ဖျက်ဆီးသူ၊ လူ့ပတ်ဝန်းကျင်မှာ မရှိသင့်တဲ့လူကို ဘယ်လိုတရားစီရင်သင့်သလဲ။ အဖြေရှာပေးခဲ့ကြပါအုံး။
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။ သူယုတ်မာများအား ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ကြပါလေ။ အမျိုးကောင်းသားသမီးများ သူယုတ်မာများ၏ ယုတ်မာမှု ဘေးမှ ကင်းဝေးကြရပါစေလို -
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost



No comments:
Post a Comment