IAEA နဲ့ မပူးပေါင်းတော့ဘူးလို့ အီရန်နိုင်ငံက တရားဝင်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

IAEA နဲ့ မပူးပေါင်းတော့ဘူးလို့ အီရန်နိုင်ငံက တရားဝင်ကြေညာ


စက်တင်ဘာ - ၂၂ ( တနင်္လာနေ့ )

အနောက်ဥရောပနိုင်ငံတွေက အီရန်နိုင်ငံအပေါ် ဆန့်ကျင်တဲ့လုပ်ရပ်တွေလုပ်လာကြပြီဆိုတဲ့ အချက်ကို ကိုးကားပြီး နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နဲ့ နျူကလိယလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း အီရန်လုံခြုံရေးအဖွဲ့ကြီးက ကြေညာလိုက်ပါတယ်။

သောကြာနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂ဝ၁၅ သဘောတူညီချက်အရ အီရန်နျူကလီးယား အစီအစဉ်အပေါ် ကြည့်ရှု့စစ်ဆေးတာနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံက တားမြစ်ခြင်းတွေ ပြုလုပ်နေတဲ့အတွက် အီရန်နိုင်ငံအပေါ် ဆိုင်းငံ့ထားခဲ့တဲ့ ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ရန် မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ 

“အီရန် နျူကလီးယားအရေးနဲ့ပတ်သက်ပြီး ဥရောပသုံးနိုင်ငံ ( ဗြိတိန် ၊ ပြင်သစ် ၊ ဂျာမဏီ)ရဲ့ မထင်မှတ်ထားတဲ့ လုပ်ရပ်တွေက အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို ထိထိရောက်ရောက် ရပ်ဆိုင်းသွားမှာပါ” လို့  အီရန်အမျိုးသားလုံခြုံရေး ကောင်စီက ထုတ်ပြန်လိုက်ပါတယ် ။ 

အစ္စရေးနဲ့ အမေရိကန်တို့က အီရန်နိုင်ငံရဲ့ နျူ့စက်ရုံတွေကို ဗုံးကျဲတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး အီရန်နဲ့ ကုလသမဂ္ဂနျူ့ကလီယား စောင့်ကြည့်ရေး အဖွဲ့တို့အကြား သဘောထားတင်းမာမှုတွေ ဖြစ်ခဲ့ပေမဲ့ ဒီလအစောပိုင်းမှာ သဘောတူညီချက်တွေ ပြန်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သောကြာနေ့ ဆုံးဖြတ်ချက်ကြောင့် အီရန်က IAEA နဲ့ ပူးပေါင်းမှုမလုပ်တော့ဘူး လို့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)