မြောက်ဥက္ကလာပ၊ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာကျောင်းများ၊ကိုယ်ပိုင် ကျောင်းများ ၊ ဘုန်း တော်ကြီးသင် ပညာရေးကျောင်းများရှိ အသက် ၅ နှစ်မှ ၇ နှစ်ကြား KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ရန်အတွက်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs) အား နောက်ဆုံးအကြိမ်တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံ ပညာကျောင်းများတွင် ဆက်လက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြင်းထန် ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ် ဆေးတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးမင်းထွန်းဦးဆောင်ကြီးကြပ်၍ ကျန်းမာရေး၀န်ထမ်းများကမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၊ကိုယ်ပိုင် ကျောင်းများ ၊ ဘုန်း တော်ကြီးသင် ပညာရေးကျောင်းများတွင်ပညာသင်ကြားနေကြသော အသက် ၅ နှစ်မှ ၇ နှစ်ကြား KG ကျောင်းသား၊ ကျောင်းသူများ ပြင်း ထန် ၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ရန်အတွက်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs) နောက်ဆုံးအကြိမ်အဖြစ် စနစ်တကျ ဆက်လက် တိုက်ကျွေးခဲ့ကြရာ တာ၀န်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးခဲ့ကြသည်။
မြောက်ဥက္ကလာပ မြို့နယ်တွင် ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးမည့် KG တန်းကလေးငယ်(၅၂၂၃)ဦးရှိပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကလေးများအားနောက်ဆုံးအကြိမ် အဖြစ် ဆက်လက်ကွင်းဆင်းကာ ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေး တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost





No comments:
Post a Comment