အကြမ်းဖက်နှိမ်နင်းရေး တာဝန်ရှိသူများအနေနဲ့ သိရှိထားပြီးဖြစ်မှာပါ။ သို့သော်လည်း ပညာရှိ သတိဖြစ်ခဲ၊ တခါတလေမှာ တာဝန်ရှိသူတွေဟာ မရောင်ရာ ဆီလူး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်နှိမ်နင်းရေး တာဝန်ယူ ထမ်းဆောင်နေကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင် ညီအစ်ကိုများအားလုံးကို အထူးသတိပေးလိုခြင်း ဖြစ်ပါတယ်။
သတိပေးလိုခြင်း၊ အပြုသဘောဆန်ဆန် ဝေဖန်ထောက်ပြခြင်းနှင့် ဆရာကြီးလုပ်လိုခြင်းဟာ မတူပါဘူး။ စာရေးသူအနေနဲ့က စစ်ရေးနဲ့ ပတ်သက်လို့ ဘာမှ ဗဟုသုတမရှိတဲ့အတွက် ဒီလိုကိစ္စမျိုးမှာ ဆရာကြီးလုပ်မှာ မဟုတ်ပါဘူး။ တပ်မတော်အရာရှိများထဲက တချို့တွေက ဆရာကြီးဆိုမှ ဆရာကြီး။ အနည်းငယ်မျှ အပြုသဘောဆန်ဆန် အကြံပြုတာကိုပင် လက်မခံချင်ကြပါဘူး။ ရှိစေတော့ . . .
အထူးအားဖြင့် အကြမ်းဖက်သမားများနဲ့ ရင်ဆိုင်ရတာက တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ KNU အကြမ်းဖက်အဖွဲ့ဝင်တွေကို အထူးသတိပြုကြရမယ်။ KNU က မထူးဇာတ်ခင်းတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေဖြစ်လာခြင်းဟာလည်း တာဝန်ရှိသူတွေရဲ့ အမှားလို့ ထောက်ပြဝေဖန်ရမှာပဲ ဖြစ်ပါတယ်။
ဒေါ်စုကို ဗိုလ်ချုပ်သမီးဆိုပြီး အသိအမှတ်ပြု လက်ခံခဲ့တယ်။ ဒေါ်စုက တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်သွားတယ်။ ထိုနည်းတူစွာပါပဲ KNU အကြမ်းဖက်အဖွဲ့ကိုလည်း ယခင် KNU ခေါင်းဆောင်ကြီးများရဲ့ မျက်နှာကို ထောက်ထားပြီး အကြမ်းဖက်လုပ်ရပ်တွေ ကာလရှည်ကြာ လုပ်ဆောင်နေသည့်တိုင်အောင် အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာခဲ့ပါဘူး။ ယခင် KNU ခေါင်းဆောင်တွေရဲ့ သဘောထားနဲ့ ယခု KNU ခေါင်းဆောင်တွေရဲ့ သဘောထား ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေက ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေတာကို သိသာထင်ရှားစွာ တွေ့မြင်နေရတာ ကြာပြီမဟုတ်လား။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ နီပိန်း ပဒက် အကြမ်းဖက်သမားဆိုတာတွေဟာ KNU နယ်မြေမှာ အကြမ်းဖက်သင်တန်း တက်ပြီးမှ အနယ်နယ်အရပ်ရပ်ကို ဖြန့်ကျက်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပါတယ်။
နီပိန်းတွေ စုဖွဲ့ထားတဲ့ CRPH, NUG, PDF ဆိုတာတွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပေမယ့် အကြမ်းဖက်သမား မွေးမြူရေးစခန်းဖွင့်ထားတဲ့ KNU ကိုတော့ အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာခဲ့ပါဘူး။
KNU ဥက္ကဋ္ဌ အကြမ်းဖက်ခေါင်းဆောင် စောကွယ်ထူးဝင်း က ၂၀၂၅ ရွေးကောက်ပွဲကို နှောက်ယှက်ဖို့၊ အဖျက်အမှောင့်လုပ်ဖို့ လှုံ့ဆော်မှုတွေ ဆက်တိုက် လုပ်ဆောင်လာတော့မှသာ KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပါတယ်။
KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင်ကြေညာတာ ဘာမှ မကြာသေးပါဘူး။ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ကမှ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ ကြေညာချက်မှာတော့ -
၁။ ကရင်အမျိုးသားအစည်းအရုံး(Kayin National Union-KNU) လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့ သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ် စုဆောင်းခြင်း၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတော်အတွင်းအခြေပြု၍ အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ အထက်ပါအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် ကရင်အမျိုးသားအစည်းအရုံး (Kayin National Union-KNU) ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်သည်။
ဒီကြေညာချက်ထုတ်ပြန်ပြီးနောက် KNU အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တချို့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြပါတယ်။ ရိုးရိုးသားသား ထွက်ပြေးခြင်းမျိုးတော့ မဟုတ်ပါဘူး။ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့က ပြည်ဖျက်မိစ္ဆာများလိုပဲ ကျည်လွတ်မြေကနေ အကြမ်းဖက်လှုံ့ဆော်ဖို့ ဖြစ်ပါတယ်။ အကြမ်းဖက်ခေါင်းဆောင် စောကွယ်ထူးဝင်း က ရွေးကောက်ပွဲကို နှောက်ယှက်ဖို့ လှုံ့ဆော်ထားတဲ့ အာဘော်ကို လိုက်ပြီး အခြားသော KNU ခေါင်းဆောင်တွေကလည်း တစ်သံတည်းထွက်လာတာကို အကြမ်းဖက်လှုံ့ဆော်မီဒီယာတွေမှာ တွေ့မြင်လာရပါတယ်။
ယနေ့ ၁-၉-၂၀၂၅ ရက်နေ့ သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်တဲ့ သတင်းများထဲမှာ -
"ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား ပြုပြင်ရေးအဖွဲ့အား KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများက Suicide Drone များဖြင့် ပစ်ချတိုက်ခိုက်" တဲ့ သတင်းထုတ်ပြန်ချက်ကို တွေ့ရပါတယ်။
KNU နှင့် PDF အမည်ခံအကြမ်းဖက်သမားများ သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ကျေးရွာအနီး အရှည် ၁၉၆ ပေ၊ အကျယ်ပေ ၄၀ ရှိ သံကူကွန်ကရစ် အမျိုးအစား ကော့နွဲ့ တံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ KNU နှင့် PDF အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ပျက်စီးသွားတဲ့ တံတားကို ပြန်လည်ပြုပြင်နေကြခြင်းဖြစ်ပါတယ်။ အလားတူပဲ အာရှလမ်းမကြီးမှာ မိုးရွာသွန်းမှုများပြီး လမ်းပိုင်းပျက်စီးစဉ်ကလည်း ပြုပြင်နေတဲ့အဖွဲ့တွေကို KNU က တိုက်ခိုက်ခဲ့ဖူးပါတယ်။
KNU ဟာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်း မခံရမီကတည်းက အကြမ်းဖက်သမားမွေးမြူရေးနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စဉ်ဆက်မပြတ် ကျူးလွန်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုဆိုရင် အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက တရားဝင် ကြေညာခဲ့တာဖြစ်လို့ ငမိုက်သားတွေဟာ မထူးဇာတ်ခင်းပြီး ယုတ်မာရိုင်းစိုင်းမှုတွေ အတိုင်းအတာမရှိ ပြသလာတော့မှာ သေချာနေပါတယ်။
အရိုးရှင်းဆုံးပြောရရင် ကတိမတည်၊ သစ္စာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မျက်နှာသာပေးခြင်းကြောင့် နယ်မြေဒေသမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအတွက် များစွာ အခက်ကြုံရပါတယ်။ ငြိမ်းချမ်းရေး အရည်ခြုံပြီး ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်နေကြတာကို လက်ပိုက်ကြည့်နေကြရတာပါ။ ဒါတွေကို အကြီးအကဲများကလည်း မှန်ကန်စွာ သိမြင်လက်ခံပေးဖို့ လိုပါတယ်။
ဒါကြောင့် KNU အကြမ်းဖက်အဖွဲ့ လှုပ်ရှားရာ နယ်မြေဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင် ညီအစ်ကိုများအားလုံးဟာ လက်သံပြောင်ဖို့ လိုတယ်။ ပြတ်သားဖို့ လိုတယ်။ ဆုံးဖြတ်ချက် မှန်ကန် မြန်ဆန်ဖို့ လိုတယ်။ မိမိတို့ရဲ့ တွေဝေမှုကြောင့် မိမိတို့ ရဲဘော်ရဲဘက်တွေ အထိနာတာမျိုး အဖြစ်ခံလို့ မရဘူး။ မထူးဇာတ်ခင်းပြီး မိုက်လုံးထွားလာမယ့် KNU အကြမ်းဖက်သမားတွေကို ပြတ်သားစွာ နှိမ်နင်းကြပါလို့ သတိပေးလိုခြင်း ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment