စက်တင်ဘာ - ၁ ( တနင်္လာနေ့ )
ဆွီဒင်နိုင်ငံသူ လူမှုကူညီရေးသမားလေးဖြစ်တဲ့ ဂရီတာသန်ဘာ့ဂ်က ဇွန်လတုန်းက ဂါဇာကို ရေကြောင်းလမ်းကနေ လာပြီး ထောက်ပံ့ရေး ပစ္စည်းတွေပေးဖို့ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ပါဘူး။ အစ္စရေးစစ်တပ်ရဲ့ တားမြစ်ချက်ကို ကြုံတွေလိုက်ရပါတယ်။ အခုလည်း စပိန်နိုင်ငံကနေ မြေထဲပင်လယ်ကို ဖြတ်ပြီး ဂါဇာကို လာဖို့ ကြိုးစားနေပါတယ်။ မနေ့က စပြီ ထွက်ခွာလာပါပြီ။ သူမက ငါတို့အားလုံးက ပါလက်စတိုင်းတွေပါဆိုတဲ့ တီရှက် ကို ဝတ်ဆင်ထားပါတယ်။
အစ္စရေးဘက်ကတော့ ဂါဇာကို လာပြီး ပါလက်စတိုင်းတွေကို အကူအညီပေးနေတာက အကြမ်းသမားတွေကို အကူအညီပေးနေတာနဲ့ အတူတူဖြစ်နေတယ်လို့ ဆိုထားပါတယ်။ ဂါဇာကို ဘယ်အကူအညီပေးတာကိုမှ လက်မခံဘူး လို့ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ အခေါက်ကလိုပဲ ဂီတာသန်ဘာဂ်တို့ ရဲ့ လှေကို ပင်လယ်ထဲမှာပဲ ဖြတ်တားပြီး သိမ်းဆည်း နိုင်ခြေများပါတယ်။ ဂါဇာကမ်းခြေထိ လာပြီး ကမ်းကပ်တဲ့အထိကို မစောင့်ဘဲ ဖမ်းဆီးဖို့များတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
REF: Hindustan times
https://t.me/MyanmarNationalPost

No comments:
Post a Comment