SCO အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့မှာ သမိုင်းတွင်မည့် မကြုံဖူးလောက်သော အောင်မြင်မှုများ ရရှိခဲ့ဟု သမ္မတရှီ ချီးကျူး - Myanmar National Post

Myanmar National Post

News Agency

Breaking

SCO အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့မှာ သမိုင်းတွင်မည့် မကြုံဖူးလောက်သော အောင်မြင်မှုများ ရရှိခဲ့ဟု သမ္မတရှီ ချီးကျူး


ထျန်းကျင်း၊ စက်တင်ဘာ ၁ 

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့  (SCO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖွဲ့၏ တိုးတက်အောင်မြင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် သမိုင်းတွင်မည့် မကြုံဖူးလောက်သော အောင်မြင်မှုများကို ဖြစ်ပေါ်စေခဲ့သည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့‌တွင် စက်တင်ဘာ ၁ ရက်က ကျင်းပသည့် SCO အဖွဲ့ဝင်နိုင်ငံများ၏  ခေါင်းဆောင်များကောင်စီ ၂၅ ကြိမ်မြောက် အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"မိမိတို့ဟာ သက်ဆိုင်ရာ နယ်စပ်ဒေသတွေမှာ စစ်ဘက်ဆိုင်ရာ ယုံကြည်မှုတည်ဆောက်ရေး ယန္တရားကို ပထမဆုံး ထူထောင်ခဲ့တာဖြစ်ပြီး မိမိတို့ရဲ့ ကျယ်ပြန့်တဲ့ နယ်နိမိတ်တွေကို ချစ်ကြည်ရင်းနှီးမှု သံယောဇဉ်၊ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပြောင်းလဲခဲ့ပါတယ်" ဟု ရှီက ပြောကြားခဲ့ပြီး SCO အဖွဲ့ဝင်နိုင်ငံများက အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သည့် "အစောဆုံး" လုပ်ဆောင်ချက်များကိုလည်း ဖော်ညွှန်းပြောကြားခဲ့သည်။  

မိမိတို့အနေဖြင့် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒဟူသော အင်အားစုသုံးခုအား တိုက်ဖျက်ရန် နိုင်ငံစုံပါဝင်သော တုံ့ပြန်ဆောင်ရွက်မှုများကို အဦးဆုံးလုပ်ဆောင်ခဲ့သူများဖြစ်ကာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို ပထမဆုံး စတင်ခဲ့သူများ ဖြစ်သည်ဟု ရှီက ဆိုသည်။ 

"မိမိတို့ဟာ ကာလရှည် အိမ်နီးချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပထမဆုံး အပြီးသတ်နိုင်ခဲ့ပြီး ရေရှည်တည်တံ့တဲ့ ချစ်ကြည်ရင်းနှီးမှုကို အခိုင်အမာတည်ဆောက်ကာ ရန်လိုမှုတွေကို ရှောင်ကြဉ်ဖို့ သန္နိဋ္ဌာန်ပြုကြောင်းကိုလည်း ကြေညာထားပါတယ်" ဟု ရှီက ဆက်လက်ပြောကြားခဲ့သည်။

ထို့အတူ SCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်ကို အဦးဆုံး အဆိုပြုကာ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်အား ဖော်ဆောင်ခဲ့ကြောင်း ရှီက ထပ်လောင်းပြောကြားခဲ့သည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)