ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှု ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှု ကြည့်ရှုအားပေး




လွိုင်ကော်  ၊ က်တင်ဘာလ ၁၀


လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့်ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်နေပြည်သူများသို့ (MEVM)အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက်က မင်းစုရပ်ကွက်၊ မင်းကျောင်းစာသင်တိုက်၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။


ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံနှင့် လက် တွေ့စမ်းသပ်မဲပေးခြင်းအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲရုံးဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့်စမ်းသပ်ဆန္ဒမဲပေးရန်ကူညီဆောင်ရွက်ပေးနေမှုများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လက်တွေ့ဆန္ဒမဲပေးနေမှုများကိုကြည့်ရှုအားပေးပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားခဲ့သည်။


MEVM အသိပညာပေးခြင်းနှင့်စမ်းသပ်မဲပေးခြင်းအား မင်းစုရပ်ကွက်နေ ပြည်သူ(၂၅၀)ဦးခန့်ကပါဝင်ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အတွင်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)