နေပြည်တော်၊ စက်တင်ဘာ ၄
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ကော်မတီဝင်များဖြစ်ကြသော ဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် မွန်းလွဲပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)(MICC-1)သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က အရည်အသွေးပြည့်မီသည့် ပစ္စည်းများအသုံးပြု၍ လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးစေရေး ကြီးကြပ်ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ရန်အောင်မြင်ဆည်သို့ သွားရောက်၍ ဆည်ပတ်ဝန်းကျင်တွင် မြေယာရှုခင်းနှင့် ပန်းအလှပင်များ စိုက်ပျိုးရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပင်မတမံနှင့် ကုန်းကျောတမံများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ရာသီဥတုကောင်းမွန်ချိန်တွင် လူနှင့် စက်ယန္တရား အင်အားတိုးမြှင့်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်၊ ရေရှည်ခိုင်ခံ့မှုရှိစေရေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment