ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) တွေ့ဆုံညှိနှိုင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) တွေ့ဆုံညှိနှိုင်း




ပုသိမ်၊ စက်တင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုး မွေးမြူရေးကို အောင်မြင်စွာစိုက်ပျိုးဆောင်ရွက်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပဆန် ဈေးနှုန်းပေါ် မူတည်ပြီး ပြည်တွင်းစပါးဈေးနှုန်းများသည် တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပေါ်ဆန်းဆန် အများဆုံးစိုက်ပျိုးသည့်တိုင်းဒေသကြီးဖြစ်ပြီး  ပြည်ပ ဈေးကွက် သို့တင်ပို့ရာတွင် ထုတ်ပိုးမှု ကောင်းကောင်းဖြင့်  အရည်အသွေးရှိသည့် ဆန်များကို ရွေးချယ်တင်ပို့နိုင်ရေး ဆောင်ရွက်ရန် လိုပါကြောင်း၊ စပါးဈေးနှုန်းသင့်တင့်မျှတစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အစည်းအဝေးသို့တက်ရောက်လာသူများ က   တိုင်းဒေသကြီးအတွင်း Rice Export Zone ဖော်ဆောင်မည့်ကိစ္စ၊ ပေါ်ဆန်းမွှေး ဆန်ပြည်ပတင်ပို့မှုကိစ္စ၊ ဆန်စက်လုပ်ငန်းနှင့် ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းအခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌမှ (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် အလှူငွေ ပေးအပ်မှုကို လက်ခံ ရယူခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်တိုင်းဒေသကြီးအတွင်းမှ ဒေသအလိုက်ထွက်ရှိ သည့် ပေါ်ဆန်းဆန်မျိုးများနှင့် ချက်ပြုတ်ထားသည့် ထမင်းနမူနာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)