ထန်းတပင်၊ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်း၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ထန်းတပင်နှင့် ရခိုင်ရိုးကြီးအုပ်စု၊ နင်းကြမ်းကျေးရွာရှိ ကျိုက်ထီးရိုး ဘ.က ဘုန်တော်ကြီးသင်ပညာရေးကျောင်း၊ အ.လ.က ရိုးလေးကျေးရွာ၊ အ.မ.က နင်းကြမ်းကျေးရွာ၊ ကျောင်းတို့အား( ၃၈ )ဖြာမင်္ဂလာသင်ကြားရေးနှင့် အသင်းဝင်ဖောင်များပေးအပ်ခဲ့သည်။
ကျောင်း( ၃ )ကျောင်းရှိ ကျောင်းအုပ်ဆရာ/ဆရာမတို့အား ထန်းတပင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBAအသင်း မှ အတွင်းရေးမှုး လူငယ်ကင်းထောက်တာဝန်ခံ ဦးရန်လင်းအောင်၊ ရပ်/ကျေးအဖွဲ့ဝင် ဦးအောင်ကျော်ဦး၊ ဦးမျိုးကျော်ဦး၊ နင်းကြမ်းကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ ဦးကျော်ဌေး တို့မှ အလှူငွေ ( ၂၅၀၀၀၀ )သိန်းကျပ်အား ပေးအပ်လှုဒါန်းပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment