အာဆီယံကော်မတီကူဝိတ်၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့် အခမ်းအနားနှင့် ASEAN Instagram Tourism Hub လွှင့်တင်ခြင်းအခမ်းအနားတို့သို့ မြန်မာသံအမတ်ကြီး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံကော်မတီကူဝိတ်၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့် အခမ်းအနားနှင့် ASEAN Instagram Tourism Hub လွှင့်တင်ခြင်းအခမ်းအနားတို့သို့ မြန်မာသံအမတ်ကြီး တက်ရောက်



ကူဝိတ်၊ အောက်တိုဘာ ၇

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီ ကူဝိတ် (ASEAN Committee Kuwait- ACK)၏ ဥက္ကဋ္ဌအလှည့်ကျလွှဲပြောင်းအခမ်းအနားနှင့် ASEAN Instagram Tourism Hub မိတ်ဆက်လွှင့်တင်ခြင်းအခမ်းအနားတို့ကို အင်ဒိုနီးရှား သံအမတ်ကြီး၏ နေအိမ်၌ ပြုလုပ်ခဲ့ရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေး သည် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများနှင့်အတူ တက် ရောက်ခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ အရှေ့အာရှထိပ်သီးညီလာခံ (EAS)အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ၏ အခြားမိတ်ဖက်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ သတင်းဌာန များမှ ဒေသခံသတင်းထောက်များလည်း တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနား၌ ACK မှ ASEAN Instagram Tourism Hub ကို တရားဝင်မိတ်ဆက် လွှင့်တင်ခဲ့ပါသည်။ အဆိုပါ Hub သည် ကူဝိတ်ရှိ အာဆီယံသံရုံးများမှ ပံ့ပိုးထားသည့် ၎င်းတို့နိုင်ငံများမှ ခရီး သွားလုပ်ငန်းဆိုင်ရာအချက်အလက်များနှင့် အကြောင်းအရာများကိုစုစည်းထားသည့် ဒစ်ဂျစ် တယ်ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ ယင်း Hub သည် ကူဝိတ်တွင် အာဆီယံခရီးသွား လုပ်ငန်းကို မြှင့်တင်ရန်ရည်ရွယ်၍ လွှင့်တင်ခဲ့ခြင်းဖြစ်သည်။  

ထို့နောက်ACK၏အလှည့်ကျဥက္ကဋ္ဌ လွှဲပြောင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ရာ လက်ရှိအလှည့်ကျဥက္ကဌ ဗီယက်နမ်သံအမတ်ကြီး Dr. Nguyen Duc Thang က ၎င်း၏ ဥက္ကဋ္ဌသက်တမ်းကာလအတွင်း ပြုလုပ်ခဲ့သော ACK လှုပ်ရှားမှုများကို အကျဉ်းချုပ်ပြန်လည် တင်ပြခဲ့ပြီး ပံ့ပိုးကူညီမှုများအတွက် ACK အဖွဲ့ဝင်များအားလုံးကို  ကျေးဇူးတင်ကြောင်းပြော ကြားခဲ့ပါသည်။ ထို့နောက် ACK အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှား သံအမတ်ကြီး Mrs. Lena Maryana ထံသို့ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် အလှည့်ကျဥက္ကဌ အသစ် အင်ဒိုနီးရှားသံအမတ်ကြီးက  ကူဝိတ်၌ ASEAN အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် ACK မှ အနာဂတ်တွင်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားအပြီးနောက် တက်ရောက်လာကြသူများကို အာဆီယံနိုင်ငံများ၏ အစားအစာ များဖြင့်ဧည့်ခံခဲ့ပြီး ကာရာအိုကေအစီအစဉ်ကို ပြုလုပ်ခဲ့ရာ မြန်မာသံရုံးမှ မြန်မာဟင်းလျာ များဖြင့် ပါဝင်ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)