သဲကုန်း၊ အောက်တိုဘာ ၇
မဲဆန္ဒရှင်ပြည်သူများအား နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ စာသားပါမြေစိုက်ပိုစတာများကို ယနေ့နံနက်(၉)နာရီအချိန်က သဲကုန်းမြို့၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနရုံးရှေ့၊ ပုတီးကုန်းမြို့ ၊ ချမ်းမြေ့သာယာရပ်ကွက် ၊ မြို့စည်ပင်သာယာဈေးရှေ့ ၊ အင်းမမြို့ ၊ သီရိသုခရပ်ကွက် ၊ အင်းမနယ်မြေရဲစခန်းရှေ့နှင့် ဆင်မြီးဆွဲမြို့ ၊ မြို့စည်ပင်သာယာဈေးရှေ့တို့၌ အသီးသီးစိုက်ထူခဲ့ကြသည်။
အဆိုပါ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကိုကျော်
https://t.me/MyanmarNationalPost





No comments:
Post a Comment