သဲကုန်းမြို့နယ်တွင် (၄၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်တွင် (၄၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ








 သဲကုန်း၊ အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊သဲကုန်း​မြို့နယ်တွင် (၄၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က သာရမဥ္ဇူသာမိုဃ်းကောင်းစေတီတော်တွင်စုရပ်ထားကာ သဲကုန်းမြို့အတွင်းစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြု၍ သဲကုန်းမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များရှိဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်များမှ ဆရာတော် သံဃာတော် အပါး(၈၀)က သာရမဥ္ဇူသာ မိုဃ်းကောင်းစေတီတော်မှ သဲကုန်းမြို့အတွင်းသို့ ကြွရောက်အလှူခံတော်မူရာ ဒါယကာ၊ ဒါယိကာမများ၊ ရပ်ကွက်နေပြည်သူများ၊ ရပ်နီး ရပ်ဝေးမှ စေတနာရှင်/အလှူရှင်များက ဝတ္ထုငွေ၊ ဆွမ်းဆန်တော်များ၊ ဆီ၊ ဆား၊ ဆေး၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာ၊ မုန့်မျိုးစုံ၊ ဖယောင်းတိုင်၊ အမွှေးတိုင် အစရှိသည့် လှူဖွယ်ဝတ္တုပစ္စည်းများအား စေတနာသဒ္ဒါတရားထက်သန်စွာ စုပေါင်း၍လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။


ကိုကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)