နေပြည်တော်၊ စက်တင်ဘာ ၃၀
နေပြည်တော်အမျိုးသားရေးအဖွဲ့ ဦးဆောင်ဆရာတော် (၆)ပါး က လက်မှတ်ရေးထိုး၍ ပျဉ်းနားမြို့နယ်၊ သစ်စိမ့်ပင်ရွာထိပ်တွင် ဗလီ ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ ကန့်ကွက်စာ နိုင်ငံတော်အကြီးအကဲများထံ တင်ပြထားကြောင်း သိရသည်။
ဆရာတော် ဦးပညာက "ဒီကနေ့ ဘုန်းဘုန်းတို့အဖွဲ့ထဲကပဲ မဇာကို တာဝန်ရှိသူတွေက စစ်မေးဖို့ ခေါ်တယ်။ ဘုန်းဘုန်းတို့လည်း လိုက်ပါသွားခဲ့တယ်။ သူတို့ စစ်မေးမယ့်ကိစ္စကိုလည်း ကြိုသိနေတယ်လေ။ ဒီကနေ့ မနက်ပိုင်းက ပဲ ဘုန်းကြီးတို့က နိုင်ငံတော်အကြီးအကဲများထံ ဒီကိစ္စနဲ့ ပတ်သက်လို့ ကန့်ကွက်စာ ပို့ထားပြီးပါပြီ။ ပို့လိုက်တဲ့ စာကိုလည်း ခေါ်ယူမေးမြန်းတဲ့ တာဝန်ရှိသူတွေကို တစ်စုံပေးခဲ့ပါတယ်။ အဓိကအားဖြင့်တော့ ဒီမြေနေရာက ယခင်မူလ စိုက်ပျိုးမြေတွေကို နိုင်ငံတော်က သိမ်းဆည်းထားတယ်။ သိမ်းဆည်းစဉ်က ကာလတန်ကြေး ပေးခဲ့တာ မဟုတ်ဘူး။ နိုင်ငံတော်စီမံကိန်းအတွက် သိမ်းခဲ့တာဖြစ်တယ်။ ရွာသားတွေကလည်း နိုင်ငံတော်စီမံကိန်းအတွက်ဆိုတော့ ကျေကျေနပ်နပ်ပေးခဲ့တာပဲလေ။ ဒီနေရာမှာ အခုလို ဗလီဆောက်လုပ်မယ်ဆိုတော့ ရေရှည်မှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဒါကို အဓိကထားပြီး တင်ပြပါတယ်။" ဟု မိန့်ကြားသည်။
ခေါ်ယူမေးမြန်းစဉ် ဆရာတော် ဦးသုမန မှလည်း "အခုပဲ နိုင်ငံတော်က ခွင့်ပြုထားတာဆိုတဲ့ အပေါက်မျိုးနဲ့ ရွာသူရွာသားတွေကို မထေမဲ့မြင် ပြောဆိုလာပြီ။ ဒါက အစပဲ ရှိသေးတယ်။ နောက်ဆိုရင် ပြဿနာက တဖြည်းဖြည်း ကြီးထွားလာမယ်။ ဒါကို နိုင်ငံတော်အကြီးအကဲတွေ သိစေချင်တယ်။ ပြန်လည်သုံးသပ်စေချင်တယ်။ တပ်မတော်နဲ့ အမျိုးသားရေးဆိုတာ ထိပ်တိုက်တွေ့ရမယ့် အခြေအနေမျိုး မဟုတ်ဘူးလေ။ အကျိုး အကြောင်း ဆီလျော်အောင် ဆောင်ရွက်ကြဖို့ပါ။ အဓိက ပြဿနာမဖြစ်ပေါ်အောင် ဆောင်ရွက်ကြဖို့ကို လိုချင်တာပါ။" ဟု မိန့်ကြားသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment