အောက်တိုဘာ - ၃ ( သောကြာနေ့ )
ကျူဘား နိုင်ငံရဲ့ အရှေ့တောင်ဘက်က ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ သမ္မတ လူဝစ် အဘီနာဒါ က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ထံစာရေးပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်အရ တည်ထောင်ထားတဲ့ အိမ်နီးချင်း ဟေတီနိုင်ငံက လူမိုက်ဂိုဏ်းတွေကို ရှင်းလင်းဖို့အတွက် နိုင်ငံစုံလုံခြုံရေး ထောက်ပံ့ရေးမစ်ရှင်ကို အကူအညီပေးပါလို့ တောင်းခံထားပါတယ်။
ဟေတီနိုင်ငံမှာဖြစ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန် ရည်ရွယ်ပြီး ဟေတီနိုင်ငံကို ထိန်းချုပ်ထားတဲ့ လူမိုက်ဂိုဏ်းများကို ထိပ်တိုက်ရင်ဆိုင်ရန်အတွက် "နှိမ်နင်းရေးတပ်ဖွဲ့" အသစ်တစ်ခု တောင်းဆိုထားပါတယ်။
အမေရိကန်နှင့် ပနားမားတို့က ကမကထပြုတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၂ မဲဖြင့် အတည်ပြုခဲ့ပေမဲ့ တရုတ်၊ ရုရှားနှင့် ပါကစ္စတန်တို့ကတော့ လုပ်ပိုင်ခွင့်ရဲ့ ရှင်းလင်းပြတ်သားမှု နဲ့ တာဝန်ခံမှုဆိုင်ရာ စိုးရိမ်မှုများကို ကိုးကား၍ ရှောင်နေခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒိုမီနီကန် သမ္မတက တရုတ်နဲ့ ရုရှား ကို အကူအညီပေးရန် တောင်းဆိုတာပဲ ဖြစ်ပါတယ်။
"တစ်ကျွန်းတည်းမှာရှိတဲ့ ဟေတီနိုင်ငံဘက်အခြမ်းမှာ လူသားချင်းစာနာထောက်ထားမှု နဲ့ လုံခြုံရေး အကျပ်အတည်း တွေက ဆက်လက်နက်ရှိုင်းနေဆဲဖြစ်နေပါတယ်။ အဲ့ဒိက အကြမ်းဖက်မှုတွေက "ဒိုမီနီကန်သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ထိခိုက်စေပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ဆိုးရွားစွာ သက်ရောက်နေပါတယ်” လို့ ဒိုမီနီကန်မီဒီယာတွေက ဖော်ပြနေပါတယ်။
ဟေတီမှာက လူမိုက်ဂိုဏ်းတွေက နယ်မြေအများအပြားကို လွှမ်းမိုးထားပြီး အစိုးရနဲ့ အပြိုင် အာဏာရှိနေပါတယ်။ အထူးသဖြင့် မြို့တော်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားနိုင်ပါတယ်။ လက်နက်ကိုင်အဖွဲ့များက ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်း၊ ငွေညှစ်ခြင်း၊ လမ်းပိတ်ဆို့ထားခြင်းနဲ့ ကူးသန်းရောင်းဝယ်ရေးတို့ကို ဆတ်ကြေးကောက်ခြင်းတို့ လုပ်နေပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် ဟေတီရဲ့ အသွင်ကူးပြောင်းရေး ကောင်စီ ဥက္ကဋ္ဌ လော့ရင့်စိန့်ခရိုင်း က ၎င်း၏ နိုင်ငံအတွင်း ဆိုးရွားလှသော အခြေအနေများကို “ခေတ်သစ် လူမိုက်ကမ္ဘာ” လို့ ခေါ်ဆိုခဲ့ပါတယ်။ “ဟေတီက ငြိမ်းချမ်းရေးကို လိုလားသည်၊ ငြိမ်းချမ်းရေးကို မျှော်လင့်ပြီး ငြိမ်းချမ်းရေးကို ရပိုင်ခွင့်ရှိတယ်” လို့ မြို့တော်နေရာ အများအပြားကို ထိန်းချုပ်ပြီး အရပ်သားများကို ဝိုင်းရံထားတဲ့ လူမိုက်ဂိုဏ်းများကို ချက်ခြင်း အရေးယူရန် နိုင်ငံတကာ အသိုင်းအဝိုင်းထံ အရေးပေါ် မေတ္တာရပ်ခံချက် တောင်းခံထားပါတယ်။
REF: UPI
https://t.me/MyanmarNationalPost



No comments:
Post a Comment